Pages

Subscribe:

Sunday, July 19, 2015

အာဆင်နယ်တွင် အလွန်ပျော်ရွှင်လျက်ရှိကြောင်း မွန်ရီရယ် ပြောကြား



အာဆင်နယ်တွင် အလွန်ပျော်ရွှင်လျက်ရှိကြောင်း မွန်ရီရယ် ပြောကြား

အာဆင်နယ်တွင် ပျော်ရွှင်နေကြောင်းနှင့် အသင်းတွင် ပွဲထွက်ကစားခွင့်ရရန်အတွက် တိုက်ပွဲဝင်သွားရန် အသင့်ရှိနေကြောင်း နာချိုမွန်ရီရယ်က ပြောကြားလိုက်သည်။

အသက် ၂၉ နှစ်အရွယ် ကစားသမားသည် ကီရန်ဂစ်ဘ်၏ ကြံ့ခိုင်မှု ပြဿနာကြောင့် ပြီးခဲ့သည့် ဘောလုံးရာသီက အာဆင်နယ်၏ ဦးစားပေး ကစားသမားနေရာကို ရရှိခဲ့သည်။ မွန်ရီရယ်သည် ပြိုင်ပွဲအရပ်ရပ်တွင် ၃၉ ပွဲ ကစားခဲ့ပြီး အက်စ်တွန်ဗီလာနှင့် ကစားခဲ့သော အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ဂစ်ဘ်ကို ကျော်ကာ ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရရှိခဲ့သည်။

ထို့နောက် စပိန်လက်ရွေးစင် ကစားသမားသည် ဇာတိမြေသို့ ပြန်ရန် ချိတ်ဆက်မှုများ ခံခဲ့ရပြီး ၎င်းကို အက်သလက်တစ် ဘီလ်ဘာအိုက စိတ်ဝင်စားလျက်ရှိသည်။ သို့သော်လည်း မိမိအနေဖြင့် အာစင်ဝင်းဂါး၏ ပွဲထွက်ကစားသမား စာရင်းတွင် ပါဝင်နိုင်ရန် အာရုံစိုက်ထားကြောင်း မွန်ရီရယ်က ဆိုခဲ့သည်။

“ကျွန်တော် အာဆင်နယ်မှာ အရမ်းကိုပျော်ရွှင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ပွဲတွေအများကြီး ကစားခဲ့ရတဲ့အတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ဒီလိုပွဲတွေအများကြီး ထပ်ကစားရဖို့လည်း ရည်မှန်းထားပါတယ်။ အခုအချိန်မှာ ပြောချင်တာက ဒါပါပဲ” ဟု မွန်ရီရယ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး “အာဆင်နယ်က အင်္ဂလန်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်း ဖြစ်သလို ကမ္ဘာပေါ်က ထိပ်တန်းအသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားကစားရတဲ့ နေရာတိုင်းမှာ ပရိသတ်တွေက တစ်ခဲနက် ကြိုဆိုကြတာကို မြင်တွေ့ရတာက ကစားသမားတွေအတွက် အံ့အားသင့်စရာပါ” ဟု မွန်ရီရယ်က ပြောကြားသွားခဲ့သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment