Pages

Subscribe:

Wednesday, July 8, 2015

ဒီဂီယာကို ခေါ်ယူမည့် သတင်းကြောင့် စိုးရိမ် ပူပန်ခြင်း မရှိကြောင်း နာဗက်စ် ပြောကြား



ဒီဂီယာကို ခေါ်ယူမည့် သတင်းကြောင့် စိုးရိမ် ပူပန်ခြင်း မရှိကြောင်း နာဗက်စ် ပြောကြား

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ဒေးဗစ်ဒီဂီယာကို အသင်းမှ စိတ်ဝင်စားနေသည့် အပေါ် စိုးရိမ်ခြင်း မရှိကြောင်း ရီးယဲမက်ဒရစ် ဂိုးသမား ကီလာနာဗက်စ်က ပြောကြားလိုက်သည်။

မက်ဒရစ်သည် ၂၀၁၅-၁၆ ဘောလုံးရာသီ မတိုင်မီ ဒီဂီယာကို အိုးထရတ်ဖို့ဒ်မှ ခေါ်ယူရန် ဆန္ဒရှိနေသလို အိုက်ကာ ကားဆီးလက်စ်မှာလည်း ပေါ်တိုသို့ ပြောင်းရွှေ့ရန် နီးစပ်နေသည်။

“ဒီဂီယာက သိပ်ကောင်းတဲ့ ဂိုးသမား တစ်ယောက်ပါ။ သူက မန်ချက်စတာယူနိုက်တက်မှာ အကောင်းဆုံး လက်စွမ်းပြသနေသူပါ။ သူက လေးစားစရာ ဂိုးသမား တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို အသင်းက စိတ်ဝင်စားနေတဲ့ အပေါ်မှာ ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော်က ယှဉ်ပြိုင် ရတာကို နှစ်သက်သူပါ။ အသင်းရဲ့ ပွဲထွက်ခွင့်နေရာ ရဖို့အတွက် တိုက်ပွဲ ဝင်သွားမှာပါ” ဟု နာဗက်စ်က ပြောကြားခဲ့သည်။

ယူနိုက်တက်နှင့် ၂၀၁၆ ခုနှစ် ဇွန်လအထိ စာချုပ် ကျန်ရှိသေးသည့် ဒီဂီယာသည် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုခြင်း မရှိသေးပေ။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment