Pages

Subscribe:

Friday, July 10, 2015

ဘာစီလိုနာသို့ ပြောင်းရွှေ့မှုသည် ကစားသမား ဘဝ ကြီးမားသည့် ခြေတစ်လှမ်းဟု တူရန် ဝန်ခံ-



ဘာစီလိုနာသို့ ပြောင်းရွှေ့မှုသည် ကစားသမား ဘဝ ကြီးမားသည့် ခြေတစ်လှမ်းဟု တူရန် ဝန်ခံ-

ဘာစီလိုနာ အသင်းသို့ ကူးပြောင်း လာခြင်းသည် မိမိ၏ ကစားသမား ဘဝတွင် ကြီးမားသည့် ခြေလှမ်း တစ်ခုဖြစ်ကြောင်း အာဒါတူရန်က ဝန်ခံ ပြောကြားခဲ့သည်။

ကာတာလန် အခြေစိုက် အသင်းကြီးသည် အက်သလက်တီကို မက်ဒရစ်မှ တူရကီ လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်ကို ယူရို (၄၁)သန်းဖြင့် ဝယ်ယူ ထားလိုက်ပြီ ဖြစ်သည်။ ဘာစီလိုနာသည် တူရန်ကို သောကြာနေ့တွင် ပရိသတ်များရှေ့မှောက် တရားဝင် ပွဲထုတ် မိတ်ဆက်သွားမည် ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ကစား သမားသည် နူးကမ့်သို့ အတည်ပြု ရောက်ရှိ လာသော်လည်း ကစားသမား ခေါ်ယူမှု ပိတ်ပင်သည့် ပြစ်ဒဏ် ချမှတ်ခံထားရသည့် ဘာစီလိုနာကြောင့် (၂၀၁၆) နှစ်ဆန်းမှသာ အသင်းအတွက် ပွဲထွက်ခွင့် ရမည်ဖြစ်သည်။

တူရန်က “ဘာစီလိုနာလို အသင်းနဲ့ စာချုပ်ခွင့် ရတယ်ဆိုတာဟာ ကျွန်တော့် ကိုယ်ပိုင် ကစားသမား ဘဝအတွက်ရော၊ ကျွန်တော့်နိုင်ငံ အတွက်ပါ အရမ်း အရေးကြီးပါတယ်။ ဒါဟာ ထူးကဲတဲ့ နေ့တစ်နေ့ပါပဲ။ ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေမိတယ်။ ပြီးတော့ အသင်းနဲ့အတူ အတွေ့အကြုံသစ်တွေ အစပြုဖို့ အသင့်ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။ တူရန်သည် ဘာစီလိုနာနှင့် ပထမ ဘောလုံးရာသီဝက် ကစားခွင့် မရှိသည့်အတွက် အဆိုပါ ကာလအတွင်း ၎င်းကို အငှားခေါ်ယူရန် ကမ်းလှမ်းထားကြောင်း တူရကီကလပ် ဖီနာဘာချီက အတည်ပြု ကြေညာထားသည်။

Soccer Myanmar

Pumta Hat Zaw

0 comments:

Post a Comment