Pages

Subscribe:

Friday, July 3, 2015

ရာမို့စ်နေရာ အစားထိုးရန် အော့တာမန်ဒီကို ရီးယဲလ် ချိန်ရွယ်နေ



ရာမို့စ်နေရာ အစားထိုးရန် အော့တာမန်ဒီကို ရီးယဲလ် ချိန်ရွယ်နေ

ရီးယဲလ်မက်ဒရစ် အသင်းသည် ဆာဂျီယို ရာမို့စ်နေရာ အစားထိုးရန် ဖြစ်နိုင်ခြေ ပစ်မှတ်အဖြစ် ဗလန်စီယာ ခံစစ်မှူး နစ်ကိုလက်စ် အော့တာမန်ဒီကို အဓိက ဦးစားပေး စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်က စပိန်လက်ရွေးစင် ဗဟိုနောက်ခံလူ ရာမို့စ်အတွက် တရားဝင် ချဉ်းကပ် ကမ်းလှမ်းထားသလို ကစားသမား ကိုယ်တိုင်က ရီးယဲလ်မှ ထွက်ခွာလိုနေကြောင်း သတင်းများ ပျံ့နှံ့လာချိန်တွင် ရီးယဲလ်သည် အဆိုပါ ဟာကွက်ကို ပြန်လည် ဖြည့်တင်းရန် ကြိုတင် စဉ်းစားနေရခြင်း ဖြစ်သည်။ အာဂျင်တီးနား လက်ရွေးစင် အော့တာမန်ဒီသည် ပြီးခဲ့သည့်ရာသီ လာလီဂါ၏ အကောင်းဆုံး လက်ရွေးစင် (၁၁)ဦး စာရင်းတွင် မဲပေးရွေးချယ် ခံရပြီး ယခုနွေရာသီတွင် မက်စ်တဲလားမြေကို စွန့်ခွာရန် ဆန္ဒရှိနေကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုထားသည်။

ယူနိုက်တက်သည် အစောပိုင်းက အော့တာမန်ဒီကို ဆက်သွယ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ရာမို့စ်ကိုသာ ဦးစားပေး ပစ်မှတ်အဖြစ် အင်တိုက်အားတိုက် ဆက်သွယ်လာခဲ့သည်။ အသက် (၂၇)နှစ်ရှိ အော့တာမန်ဒီသည် လတ်တလောတွင် အာဂျင်တီးနားနှင့်အတူ ကိုပါအမေရိက ဖလား၌ ပါဝင်ယှဉ်ပြိုင်နေပြီး ယင်းနောက်တွင်မူ ရီးယဲလ်က ၎င်းကို ဆက်သွယ်လာမည့် အလားအလာ ရှိနေသည်။ အော့တာမန်ဒီ၏ စာချုပ်ပါ သတ်မှတ်ဈေးနှုန်းသည် ယူရို သန်း(၅၀)မျှ ရှိနေပြီး ရီးယဲလ်အနေဖြင့် ရာမို့စ်နေရာ တိုက်ရိုက်အစားထိုးမည့် ကစားသမားမျိုးကို အမှန်တကယ် လိုအပ်ပါက အော့တာမန်ဒီအတွက် ဈေးနှုန်းမြင့်မြင့် ပေးချေရဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment