Pages

Subscribe:

Wednesday, July 8, 2015

ရတနာပုံ FC အသင်းနှင့် မနောမြေ အသင်းတို့ ခြေစမ်းပွဲ တစ်ရက် ကစားမည်ဟု သိရ



ရတနာပုံ FC အသင်းနှင့် မနောမြေ အသင်းတို့ ခြေစမ်းပွဲ တစ်ရက် ကစားမည်ဟု သိရ

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများ ဖြစ်သည့် ရတနာပုံ အသင်းနှင့် မနောမြေ အသင်းတို့သည် မနက်ဖြန် ညနေတွင် ခြေစမ်းပွဲ တစ်ပွဲ ကစားမည် ဖြစ်ကြောင်း ရတနာပုံအသင်း website တွင် ကြေငြာထားသည်။

အဆိုပါ ခြေစမ်းပွဲအား ရန်ကုန်မြို့ သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်း၌ ၈. ၇. ၂၀၁၅ ရက် ဗုဒ္ဓဟူး နေ့ညနေ ၃နာရီတွင် ယှဉ်ပြိုင်ခြေစမ်း ကစားမည်ဟု ဖော်ပြထားသည်။

ရတနာပုံ အသင်းသည် လက်ရှိတွင် ၁၁ပွဲ ကစားထားပြီး ရမှတ် ၂၀နှင့် ဇယားဦးဆောင်သူ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ၁၃မှတ် အကွာ အဆင့် ၄နေရာတွင် ရပ်တည်နေပြီး လာမည့် ၁၁.၇.၂၀၁၅ ညနေ ၄နာရီတွင် ဗိုလ်ချုပ်အောင်ဆန်း ရှုံးထွက်ဖလား ပြိုင်ပွဲအား အောင်ဆန်းကစားကွင်း၌ ဟော်ရီဇွန် အသင်းနှင့် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment