Pages

Subscribe:

Wednesday, July 8, 2015

ဗီဒယ်အတွက် ရီးယဲမက်ဒရစ်၏ တရားဝင် ကမ်းလှမ်းမှု မရရှိထားကြောင်း မာရော့တာ ငြင်းဆို



ဗီဒယ်အတွက် ရီးယဲမက်ဒရစ်၏ တရားဝင် ကမ်းလှမ်းမှု မရရှိထားကြောင်း မာရော့တာ ငြင်းဆို

အာတူရို ဗီဒယ်အတွက် ရီးယဲမက်ဒရစ်မှ တရားဝင် ကမ်းလှမ်းခဲ့သည်ဟုသော သတင်းဖော်ပြချက်များကို ဂျူဗင်တပ်စ် အမှုဆောင်အရာရှိချုပ် ဂူဆက်ပီ မာရော့တာက ငြင်းဆိုသွားခဲ့သည်။

အသက် ၂၈ နှစ်အရွယ် ကွင်းလယ် ကစားသမားကို စပိန်ထိပ်သီးကလပ်က ခေါ်ယူရန် ကာလကြာရှည် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သလို တရားဝင် ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း တနင်္လာနေ့က သတင်းများ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း မာရော့တာက “ဗီဒယ်ကို ရီးယဲမက်ဒရစ်က ကမ်းလှမ်းခဲ့တယ်ဆိုတာ ကောလာဟလတွေပါ။ သူတို့ဆီက ကမ်းလှမ်းမှု မရထားပါဘူး။ ကျွန်တော်တို့နဲ့ သူတို့က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဂျူဗင်တပ်စ်မှ ထွက်ခွာပြီး နယူးယောက်စီးတီးသို့ ပြောင်းရွှေ့မည့် အန်ဒရီယာ ပီယာလို၏ နေရာတွင် အစားထိုးရန်မှာ ခက်ခဲလိမ့်မည်ဟု မာရော့တာက ဝန်ခံခဲ့သည်။

“အသင်းက ထွက်ခွာတော့မယ် ပီယာလိုနေရာမှာ အစားထိုးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ဗီဒယ်သည် ဇာတိမြေတွင် ကျင်းပခဲ့သော ကိုပါအမေရိကပြိုင်ပွဲ၌ ချီလီအသင်းနှင့် အောင်မြင်မှု ရယူခဲ့ပြီးနောက် ရာသီကြို လေ့ကျင့်မှုအတွက် ဂျူဗင်တပ်စ်သို့ မကြာမီတွင် ပြန်လည် ရောက်ရှိတော့မည်ဟု သိရသည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment