Pages

Subscribe:

Wednesday, July 8, 2015

ဈေးကွက်ထဲတွင် မန်စီးတီး တက်တက်ကြွကြွ လှုပ်ရှားမည်ဟု ကွမ်ပနီ ယုံကြည်



ဈေးကွက်ထဲတွင် မန်စီးတီး တက်တက်ကြွကြွ လှုပ်ရှားမည်ဟု ကွမ်ပနီ ယုံကြည်

မန်ချက်စတာ စီးတီးအနေဖြင့် ဈေးကွက်ထဲတွင် တက်တက်ကြွကြွ လှုပ်ရှားဖြစ်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ဗင်းဆင့် ကွမ်ပနီက မှတ်ချက်ပြု ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရာသီက ဖလားလက်မဲ့ ဖြတ်သန်းခဲ့သည့်နောက် မန်စီးတီးသည် လတ်တလောတွင် အသက် ၁၈ နှစ်အရွယ် တူရကီ လက်ရွေးစင် လူငယ်တိုက်စစ်မှူးလေး အီနက်စ် အူနဲလ် တစ်ဦးကိုသာ ခေါ်ယူထားနိုင်သေးသည်။ သို့သော်လည်း မန်စီးတီးသည် ဂျူဗင်းတပ်စ်မှ ပေါလ်ပေါ့ဂ်ဘာနှင့် လီဗာပူးလ်မှ ရာဟင်မ် စတာလင်တို့ကဲ့သို့ ထိပ်သီးကြယ်ပွင့်များကို အလေးအနက် ချိတ်ဆက်လျက် ရှိသည်။ ပြီးခဲ့သည့် ရာသီက ဥရောပ ဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေး ထိန်းကွပ်မှု စည်းမျဉ်းအတိုင်း လိုက်နာခဲ့သဖြင့် ပြောင်းရွှေ့ကြေး အသုံးစရိတ် ကန့်သတ်ထားသည့် ပြစ်ဒဏ်မှ ကင်းလွတ်သွားသည့်နောက် မန်စီးတီးသည် နွေရာသီတွင် ငွေသုံးကြမ်းကြမ်းဖြင့် အားဖြည့်မှုများ ပြုလုပ်လာဖွယ် ရှိနေသည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူ ကွမ်ပနီက မန်စီးတီး၏ အင်အားကို တစ်ကျော့ပြန် တည်ဆောက်ရေးအတွက် ဈေးကွက်အတွင်း လှုပ်ရှားမှုများက အလွန်အရေးပါကြောင်း သုံးသပ်ခဲ့သည်။ “တကယ်တော့ ငွေသုံးတယ် ဆိုတာက ဘယ်လို ထိပ်တန်းအသင်း အတွက်မဆို အရေးပါတဲ့ သော့ချက် အနေအထား တစ်ခုပါ။ မျှော်လင့်ထားသလောက် ကစားသမားသစ် အရေအတွက်များများ ရောက်မလာဘူး ဆိုရင်တောင် တကယ့်ထိပ်တန်း အသင်းတွေဟာ အရည်အသွေးမြင့် ကစားသမားသစ် နှစ်ယောက်၊ သုံးယောက်လောက်ကိုပဲ ခေါ်ယူပြီး လက်ရှိ အရည်အသွေးပိုင်းကို မြှင့်တင်နိုင်လေ့ ရှိပါတယ်။ ကျွန်တော်တို့က ဒါမျိုး လိုက်မလုပ်နိုင်ဘူးဆိုရင် ပြိုင်ဘက်တွေက ပိုတောင့်တင်းပြီး ဒီအခြေအနေကို အခွင့်အရေးယူ အမြတ်ထုတ်သွားမှာပါပဲ။ အသင်းအနေနဲ့ မှန်ကန်တဲ့ ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားသလို လက်တွေ့လည်း ယုံကြည်နေပါတယ်”ဟု ကွမ်ပနီက ပြောကြားသွားသည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment