Pages

Subscribe:

Wednesday, July 8, 2015

ငြိမ်းချမ်းအောင် ဒူးဒဏ်ရာ ခွဲစိတ်မှုအောင်မြင်သည်ဟု သိရ



ငြိမ်းချမ်းအောင် ဒူးဒဏ်ရာ ခွဲစိတ်မှုအောင်မြင်သည်ဟု သိရ

မြန်မာယူ-၂၀ လက်ရွေးစင် ကစားသမား တစ်ဦးဖြစ်သူ ငြိမ်းချမ်းအောင်သည် ဇူလိုင်လ ၆ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကောက်ဆေးရုံတွင် ၎င်း၏ ဒူးဒဏ်ရာအား ခွဲစိတ်မှု ခံယူခဲ့ရာ ခွဲစိတ်ကုသမှု အလုံးစုံ အောင်မြင်ခဲ့ကြောင်း သိရှိရသည်။


ငြိမ်းချမ်းအောင်သည် မြန်မာယူ-၂၀ အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဇွန်လအတွင်း ယှဉ်ပြိုင် ကစားခဲ့သည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်မူ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။ ယခုအခါ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ကာ ယခုကဲ့သို့ ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ခွဲစိတ်ကုသမှုမှာ ၂နာရီခန့် ကြာမြင့်ခဲ့ပြီး အလုံးစုံ အောင်မြင်မှုရှိခဲ့ကြောင်း၊ ၇လကြာ အနားယူရမည်ဖြစ်ကာ အကောင်းပကတိ ပြန်လည်ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း ၎င်းအား ခွဲစိတ်ကုသပေးခဲ့သည့် တာဝန်ခံ ဆရာဝန်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းအောင်နှင့် အတူ ဖြေဖနောင့်ခွဲစိတ်မှု ခံယူထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှ ကစားသမား တစ်ဦးဖြစ်သူ ခင်မာလာထွန်းမှာလည်း ဆေးစစ်မှု ပြန်လည်ခံယူရန် အတွက် ဘန်ကောက်သို့ ရောက်ရှိလျှက် ရှိပြီး ၎င်း၏ ဒဏ်ရာအခြေအနေမှာလည်း တိုးတက်ကောင်းမွန်လျှက် ရှိကြောင်း သိရသည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment