Pages

Subscribe:

Sunday, July 19, 2015

မန်စီးတီးတွင် နေရာရရန်အတွက် တိုက်ပွဲဝင်ရန် အသင့်ရှိနေဟု နာဆရီ ကြုံးဝါး



မန်စီးတီးတွင် နေရာရရန်အတွက် တိုက်ပွဲဝင်ရန် အသင့်ရှိနေဟု နာဆရီ ကြုံးဝါး

မန်ချက်စတာစီးတီးသို့ ရာဟင်းမ် စတာလင် ရောက်ရှိလာမှုအပေါ် ကြိုဆိုကြောင်းနှင့် အသင်းတွင် နေရာရရန်အတွက် တိုက်ပွဲဝင်ရန် အသင့်ရှိနေကြောင်း ဆမ်မီ နာဆရီက ပြောကြားလိုက်သည်။

အသက် ၂၀ နှစ်အရွယ် စတာလင်သည် ပေါင် ၄၉ သန်းဖြင့် လီဗာပူးလ်မှ ပြောင်းရွှေ့လာပြီး မကြာမီတွင် အက်စ်တွန်ဗီလာ ကစားသမား ဖေဘီယန်ဒပ်ဖ်ကလည်း ပေါင် ၈ သန်းဖြင့် မန်စီးတီးသို့ ရောက်ရှိလာခဲ့သည်။

နာဆရီသည် ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရပြီးနောက် အသင်းနှင့် အနာဂတ်အပေါ် မေးခွန်းထုတ်မှုများ ရှိလာခဲ့သော်လည်း စနေနေ့က မဲလ်ဘုန်းစီးတီးနှင့် ပွဲတွင် လှပသည့် မြေမကျကန်ချက်ဖြင့် ဂိုးသွင်းယူခဲ့ပြီးနောက် မိမိအနေဖြင့် မန်နျူရယ် ပယ်လီဂရီနီ၏ လက်အောက်တွင် ပွဲထွက်နေရာနှင့် ထိုက်တန်သူဖြစ်ကြောင်းကို သက်သေပြသွားမည်ဟု ဆိုခဲ့သည်။

“ပွဲထွက်နေရာအတွက် ယှဉ်ပြိုင်ရဖို့ ဘယ်သူ့ကိုမှ ကြောက်ရွံ့ခြင်း မရှိပါဘူး။ ကစားသမားတိုင်းက သူတို့ရဲ့ခြေစွမ်း နောက်တစ်ဆင့် တက်နိုင်ဖို့ လုပ်ဆောင်ရပါတယ်။ ဒါဟာ ကစားသမား တစ်ဦးတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ အသင်းတစ်သင်းလုံးနဲ့ ဆိုင်ပါတယ်။ အဲ့ဒီကစားသမားတွေက ကျွန်တော်တို့လို ခြေစွမ်းမပြနိုင်ဘူးဆိုရင် ဆိုးရွားတဲ့ ဘောလုံးရာသီနဲ့ ရင်ဆိုင်ရမှာပါပဲ။ ပြီးခဲ့တဲ့ရာသီတုန်းက ချယ်ဆီးက ချန်ပီယံဖြစ်နေခဲ့ပြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့အဆုံးထိ တိုက်ပွဲမဝင်ခဲ့ရပါဘူး။ အသင်းမှာ တစ်ခုခု မှားနေခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ကစားသမားတစ်ယောက်က ပွဲထွက်ခွင့်အတွက် အာမခံချက်ရှိတယ်ဆိုတာ ဘယ်တော့မှကောင်းတဲ့အချက် မဟုတ်ပါဘူး။ ကစားသမားတိုင်းက ပွဲထွက်နေရာအတွက် အမြဲတမ်း တိုက်ပွဲဝင်နေရပါမယ်။ ဒါမှမဟုတ်ရင်တော့ ဘယ်သူမှ ကြိုးစားတော့မှာ မဟုတ်ပါဘူး။ အသင်းအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရချင်တယ်ဆိုရင်တော့ ကစားသမားတွေကို ဝယ်ယူဖို့လိုပါတယ်။

ရာဟင်းမ်နဲ့ ဖေဘီယန်ဒပ်ဖ်တို့ ရောက်လာတာဟာ အသင်းအတွက် ကောင်းမွန်တဲ့ အားအင်ဖြည့်တင်းမှုတွေပါ။ ရာဟင်းမ်က ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်ဖို့ အလားအလာရှိတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ ရာသီကြို ခြေစွမ်းပွဲမှာကစားတဲ့ ၄-၃-၃ ကစားကွက်မှာဆိုရင် သူက ကွင်းလယ်တောင်ပံ ကစားသမားတစ်ယောက် အနေနဲ့ အလျင်အမြန်ပြေးပြီး ဂိုးတွေသွင်းယူနိုင်ပါလိမ့်မယ်။ ဖေဘီယန်ဒပ်ဖ်ကလည်း အသင်းမှာလိုအပ်နေတဲ့ box-to-box ကွင်းလယ်ကစားသမား တစ်ယောက်ပါ” ဟု နာဆရီက ပြောကြားခဲ့သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment