Pages

Subscribe:

Sunday, July 19, 2015

ဝုဖ်ဘတ်တွင်သာ ဒီဘရွမ်း ဆက်နေသင့်ကြောင်း ဒီဇီကို အကြံပြု



ဝုဖ်ဘတ်တွင်သာ ဒီဘရွမ်း ဆက်နေသင့်ကြောင်း ဒီဇီကို အကြံပြု

မန်ချက်စတာစီးတီး ပစ်မှတ် ကီဗင်ဒီဘရွမ်း အနေဖြင့် ဝုဖ်ဘတ်တွင် တစ်ရာသီ ထပ်ကစားခြင်းက ပိုမိုအကျိုးရှိစေလိမ့်မည်ဟု ယုံကြည်ကြောင်း အီဒင်ဒီဇီကိုက ပြောကြားလိုက်သည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားသည် ဘွန်ဒက်စ်လီဂါအသင်းကို ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်စေရန်နှင့် ပိုကယ်ဖလားကို ကိုင်မြှောက်ခွင့်ရရန် ကူညီပေးခဲ့ပြီး ၃၄ ပွဲတွင် ၁၀ ဂိုး သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်အသင်းက စိတ်ဝင်စားမှုများ ပြသခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးသည် ကမ်းလှမ်းမှုတစ်ရပ် မပြုလုပ်မီ ဒီဘရွမ်း၏ စာချုပ်နှင့် ပတ်သက်၍ ဆွေးနွေးရန် စောင့်ဆိုင်းနေချိန်တွင် ၂၀၁၁ ခုနှစ်က ဝုဖ်ဘတ်မှ အီတီဟတ်ကွင်းသို့ ပြောင်းရွှေ့ခဲ့သော ဒီဇီကိုက ဒီဘရွမ်းအနေဖြင့် ဂျာမနီတွင် ဆက်နေခြင်းက ပိုမိုကောင်းမွန်လိမ့်မည် ဖြစ်ကြောင်း ဆိုခဲ့သည်။

“ကီဗင် ဒီဘရွမ်းတို့လို ထိပ်တန်း ကစားသမားတွေအနေနဲ့ ဝုဖ်ဘတ်မှာ တစ်သက်လုံး ရှိနေမှာ မဟုတ်ပါဘူး။ ကစားသမားတိုင်းက နိုင်ငံရပ်ခြားက ထိပ်တန်းကလပ်အသင်း တစ်ခုခုမှာ ကစားဖို့ အိပ်မက်မက်နေကြသူတွေပါ။ ဒါဟာ ၂၀၀၉ ခုနှစ်က လိဂ်ဖလားရခဲ့တဲ့ ကျွန်တော့်ရဲ့ အနေအထားနဲ့ အတူတူပါပဲ။ အဲ့ဒီတုန်းက မတူညီတာတစ်ခုခုလုပ်ဖို့ ကျွန်တော်ဆန္ဒရှိခဲ့ပါတယ်။ ကီဗင်က ချယ်ဆီးမှာ ကစားခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ် အကြောင်းကို အသေအချာသိရှိသူပါ။ ဒါဟာ တစ်ခြားလိဂ်တွေနဲ့ အတော့်ကို ခြားနားပါတယ်။ အခြားလိဂ်မှာ ခြေစွမ်းပြနေတဲ့သူတွေက ဒီကိုရောက်ရှိ ပြဿနာတွေနဲ့ ကြုံရတာပါပဲ။ အိန်ဂျယ်ဒီမာရီယာကိုပဲ ကြည့်လေ။ ဒါကြောင့် ကီဗင်အနေနဲ့ ဥရောပရဲ့ ထိပ်တန်းကလပ် တစ်ခုမှာ ဆက်ကစားတာက ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ထင်ပါတယ်” ဟု ဒီဇီကိုက အကြံပြုခဲ့သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment