Pages

Subscribe:

Friday, July 17, 2015

ဂျူဗင်းတပ်စ်သည် ရီးယဲလ်နှင့် အဆင့်တူ အသင်းမျိုးဟု ခီဒီရာ မှတ်ချက်ပြု-



ဂျူဗင်းတပ်စ်သည် ရီးယဲလ်နှင့် အဆင့်တူ အသင်းမျိုးဟု ခီဒီရာ မှတ်ချက်ပြု-

ဂျူဗင်းတပ်စ်သို့ ကူးပြောင်းလာမှုသည် မိမိဘဝအတွက် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်ကြောင်းနှင့် ဂျူဗင်းတပ်စ်သည် အသင်းဟောင်း ရီးယဲလ်မက်ဒရစ်နှင့် တူညီသည့် အဆင့်အတန်းမျိုး ရှိနေကြောင်း ဆမ်မီခီဒီရာက မှတ်ချက်ပြု ပြောကြားလိုက်သည်။

အသက်(၂၈)နှစ်ရှိ ဂျာမန် လက်ရွေးစင် ကွင်းလယ် ကစားသမားသည် ရီးယဲလ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အီတလီ စီးရီးအေ ချန်ပီယံ အသင်းထံ (၄)နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သည်။ ဂျူဗင်းတပ်စ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာသည့် ခီဒီရာက ၎င်း(၅)နှစ်ကြာ ကစားခဲ့ဖူးသည့် နာမည်ကြီး စပိန်ကလပ်ထက် ဂျူဗင်းတပ်စ်က နိမ့်ပါးစရာ အကြောင်းမရှိဟု မှတ်ချက်ပြုခဲ့သည်။ ခီဒီရာသည် ရီးယဲလ် ကစားသမား ဘဝတွင် လာလီဂါ ချန်ပီယံဆု (၁)ကြိမ်၊ ကိုပါဒယ်လ်ရေး ဆုဖလား (၂)ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလား (၁)ကြိမ် ရရှိခဲ့သည်။

ခီဒီရာက “ကျွန်တော့် အနေနဲ့ လတ်ဆတ်တဲ့ စိန်ခေါ်မှု အသစ်တွေကို လိုလားတယ်။ ဂျူဗင်းတပ်စ်က ဒါတွေကို လက်တွေ့ ပေးစွမ်းခဲ့တယ်လေ”ဟု ဆိုသည်။ ၎င်းက “သူတို့ဟာ ရီးယဲလ်နဲ့ အဆင့်တူ အသင်းတစ်သင်းပါ။ စီးရီးအေလို ပြိုင်ပွဲမှာ လာကစားခွင့် ရတာက ကျွန်တော့်အတွက် တကယ့် ဂုဏ်ယူစရာ အခြေအနေ တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါဟာ အသင်းကောင်းတွေ စုစည်းထားတဲ့ တကယ့်ကို ခက်ထန် ပြင်းပြတဲ့ ပြိုင်ပွဲ တစ်ခုပါပဲ။ အီတလီ လိဂ်ပြိုင်ပွဲကို နိမ့်ကျ သိမ်ဖျင်းတယ်လို့ ဘယ်တုန်းကမှ ကျွန်တော် မမြင်ခဲ့ပါဘူး။ ဒါဟာ အရည်အသွေး မြင့်မားပြီး နည်းဗျူဟာပိုင်းအရ စိန်ခေါ်မှု ပြင်းထန်လွန်းတဲ့ ပြိုင်ပွဲတစ်ခုပါ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

၎င်းက “ဂျူဗင်းတပ်စ်ဟာ ဥရောပ ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ကြောင်း သူတို့ရဲ့ အရည်အသွေးကို လက်တွေ့ ပြသခဲ့ပြီးပါပြီ။ ကျွန်တော်က အသင်းနဲ့အတူ နောက်ထပ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတစ်ကြိမ် ကစားဖို့ ယုံကြည်နေပါတယ်”ဟုလည်း ပြောဆိုသွားသည်။

soccer myanmar

@ pumta

0 comments:

Post a Comment