Friday, July 3, 2015
ထိခိုက်ဒဏ်ရာရ အားကစားသမားများအား ဧရာမြန်မာ အာမခံလုပ်ငန်းမှ အာမခံလျော်ကြေးငွေ ပေးအပ်
ထိခိုက်ဒဏ်ရာရ အားကစားသမားများအား ဧရာမြန်မာ အာမခံလုပ်ငန်းမှ အာမခံလျော်ကြေးငွေ ပေးအပ်
၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမားများ ထဲတွင် ပြိုင်ပွဲကာလ အတွင်း ထိခိုက်ဒဏ်ရာ ရခဲ့သော အားကစားသမားများကို ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံလျော်ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် ၁ရက်နေ့တွင် ဧရာမြန်မာ အာမခံ လုပ်ငန်း ရုံးချုပ်၌ ပြုလုပ် ကျင်းပခဲ့ကြောင်း သိရပါသည်။
အဆိုပါ ပွဲသို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် အားကစားသမားများနှင့် ၎င်းတို့၏ မိသားစုများ၊ အားကစား အဖွဲ့ချုပ်များမှ တာဝန် ရှိသူများနှင့် ဧရာမြန်မာ အာမခံ လုပ်ငန်းမှ အုပ်ချုပ်မှု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဧရာမြန်မာ အာမခံ လုပ်ငန်းသည် ၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည့် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမားများ အားလုံး၏ တစ်နှစ်တာ ကိုယ်လက်အင်္ဂါ ထိခိုက်မှု အာမခံ စပွန်ဆာ ပေးအပ်ခဲ့ခြင်း ဖြစ်ကာ ပြိုင်ပွဲတွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြသူ များအား ယခုကဲ့သို့ အာမခံလျော်ကြေးများ ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment