Pages

Subscribe:

Saturday, July 11, 2015

အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဖေဘီယန်ဒပ်ဖ် မန်စီးတီတွင် ဆေးစစ်မှု ခံယူမည်



အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဖေဘီယန်ဒပ်ဖ် မန်စီးတီတွင် ဆေးစစ်မှု ခံယူမည်;;

အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဖေဘီယန်ဒပ်ဖ်သည် စနေနေ့တွင် မန်ချက်စတာစီးတီး၌ ဆေးစစ်မှု ခံယူပြီး အပြီးသတ်ပြောင်းရွှေ့မည် ဖြစ်သည်။

၂၀၀၉ ခုနှစ်က လိဒ်အသင်းမှ ဗီလာသို့ ပြောင်းရွှေ့ခဲ့သော ကွင်းလယ်ကစားသမားသည် ဇန်နဝါရီလက ဗီလာနှင့် လေးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့သူဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် ဒပ်ဖ်သည် ပေါ်တူဂီတွင် ရာသီကြို လေ့ကျင့်ရန် သွားရောက်ခဲ့သော ဗီလာအသင်း လူစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် ဘောလုံးရာသီက ဗီလာကို ပရီးမီးယားလိဂ်တွင် တင်ကျန်စေရန် ကူညီခဲ့သည့် ဒပ်ဖ်သည် လိဂ်ပွဲ ၂၈ ပွဲ ကစားခဲ့ပြီး အသင်းကို အက်ဖ်အေဖလား ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်စေရန် အဓိက စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။

၎င်းသည် ဇန်နဝါရီလက အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုစဉ်က မိမိအနေဖြင့် ဗီလာတွင် ကာလကြာရှည် ကစားရန် ရည်ရွယ်ထားကြောင်း ဆိုခဲ့သူ ဖြစ်သည်။ ၎င်းက “ဗီလာမှာ ဆက်မကစားနိုင်စရာ အကြောင်းမရှိပါဘူး။ ဒီအသင်းမှာပဲ ကျွန်တော်ဆက်ကစားဖို့ ဆန္ဒရှိပါတယ်” ဟု ထိုစဉ်က ပြောကြားခဲ့သည်။

Soccer Myanmar

Pumta

0 comments:

Post a Comment