Pages

Subscribe:

Wednesday, January 28, 2015

မီလန်အသင်း ထိပ်တန်းခြေစွမ်း ပြန်လည်ရရှိရန်အတွက် အချိန်လိုအပ်ကြောင်း အင်ဇာဂီ ဆို



အေစီမီလန်အသင်း၏ အကောင်းဆုံး ခြေစွမ်းကို ပြန်လည်ရရှိရန်အတွက် မိမိအနေဖြင့် အချိန်လိုအပ်ကြောင်း ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

ဥရောပချန်ပီယံ ဆုဖလားကို ၇ ကြိမ် ရရှိထားသည့် မီလန်သည် လက်ရှိတွင် စီးရီးအေ အဆင့် ၁၁ ၌ ရပ်တည်လျက်ရှိပြီး အင်္ဂါနေ့က ၁၀ ယောက်ကျန် လာဇီယိုကို အရေးနိမ့်ကာ ကိုပါအီတာလီယာမှ ထွက်ခွာခဲ့ရသည်။ ထို့အပြင် မီလန်သည် ပြီးခဲ့သည့် စနေနေ့ကလည်း လာဇီယိုကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ထိုကဲ့သို့ ပြည်တွင်းပြိုင်ဘက်အသင်းကို အရေးနိမ့်ခဲ့သောကြောင့် အင်ဇာဂီ၏ အနာဂတ်အပေါ် သံသယရှိခဲ့ကြသည်။ ထို့နောက် အေစီမီလန် တိုက်စစ်မှူးဟောင်းက အသင်း၏ ထိပ်တန်းခြေစွမ်း ပြန်လည်ရရှိရန်အတွက် မိမိကို အချိန်ပေးရန် လိုအပ်ကြောင်း ဆိုခဲ့သည်။

“ရှုံးနိမ့်ဖို့ မထိုက်တန်တဲ့ ပွဲကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်။ ဒီညမှာ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တာပါ။ အသင်းကလည်း အရာအားလုံးကို ပေးဆပ်ခဲ့ပါတယ်။ အခုလို ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော်တို့ အသစ်တစ်ဖန် ပြန်စဖို့လိုပါတယ်။ ကျွန်တော်က ရှုံးနိမ့်တဲ့အတွက် ဆင်ခြေပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော် သူနဲ့ နှိုင်းယှဉ်တာတော့ မဟုတ်ပါဘူး။ ဆာအဲလက်စ်ဖာဂူဆန်တောင်မှ မန်ချက်စတာယူနိုက်တက်ကို တာဝန်ယူပြီး ၇ နှစ်အကြာမှ ပထမဦးဆုံး ဆုဖလားကို ရယူခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ ခြေစွမ်းပိုမိုတိုးတက်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် အသင်းကို ပြန်လည်တည်ဆောက်ရပါမယ်။ အဲ့ဒီအတွက် အချိန်လိုပါတယ်” ဟု အင်ဇာဂီက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment