Pages

Subscribe:

Monday, January 26, 2015

စထရွတ်မန်း၏ ဒဏ်ရာအခြေအနေ မပြင်းထန်ဟု ရူဒီဂါစီယာ ပြောကြား



ရိုးမား ကွင်းလယ်ကစားသမား ကီဗင်စထရွတ်မန်း၏ လတ်တလော ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်ရန် မလိုကြောင်းနှင့် ကစားသမား၏ ဒဏ်ရာသည် ပြင်းထန်ခြင်း မရှိကြောင်း ရူဒီဂါစီယာက ပြောကြားလိုက်သည်။

ဒတ်ခ်ျ ကွင်းလယ်ကစားသမားသည် ၂၀၁၄ ခုနှစ်က ရရှိခဲ့သည့် ဒူးခေါင်းဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ယခုနှစ် ဘောလုံးရာသီတွင် လိဂ်ပွဲ ၆ ပွဲသာ ကစားထားသူ ဖြစ်သည်။ ၎င်းသည် တနင်္ဂနွေနေ့က ဖီအိုရင်တီးနားနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ၃၄ မိနစ် ကစားပြီးနောက် ဒူးခေါင်းဒဏ်ရာကြောင့် လူစားလဲခဲ့ရသည်။

သို့သော်လည်း စထရွတ်မန်း၏ ဒဏ်ရာမှာ ပြင်းထန်ခြင်း မရှိကြောင်းနှင့် ကြိုတင်ကာကွယ်သည့် အနေဖြင့်သာ လူစားလဲခဲ့ခြင်း ဖြစ်ကြောင်း ဂါစီယာက ဆိုခဲ့သည်။ “ဆရာဝန်က ဒဏ်ရာကို ကြည့်ပြီးသွားပါပြီ။ သူ့ရဲ့ဒဏ်ရာက ပြင်းထန်ပုံမပေါ်ပါဘူး။ ဒါပေမဲ့ ဒူးခေါင်းဒဏ်ရာက ကျွန်တော့်တို့ အမြဲတမ်း ဂရုစိုက်ရမယ့်ဒဏ်ရာပါ။ သူက ဒူးခေါင်းဒဏ်ရာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ခံစားခဲ့ဖူးသူပါ” ဟု ဂါစီယာက ပြောကြားခဲ့သည်။

ထို့အပြင် ဖီအိုရင်တီးနားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ သရေရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် အသင်း၏ ခြေစွမ်းကို ကျေနပ်အားရမိကြောင်း ဂါစီယာက ဆိုခဲ့သည်။
“အသင်းရဲ့ တုံ့ပြန်ပုံက အရေးပါခဲ့ပါတယ်။ ကျွန်တော်တို့က ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရချင်ခဲ့ပေမယ့် တစ်ဖက်အသင်းက ထက်မြက်တဲ့ ခြေစွမ်းပိုင်ဆိုင်ထားတဲ့ ဖီအိုရင်တီးနား အသင်းပါ။ အိုင်တာဘီရဲ့ ဖန်တီးမှုကနေ အယ်လ်ဂျာဂျစ် သွင်းယူခဲ့တဲ့ ဂိုးကြောင့် ကျွန်တော်တို့ သရေရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူတို့က ပင်ကိုယ်ပါရမီ ထူးချွန်တဲ့ ကစားသမားတွေပါ” ဟု ဂါစီယာက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment