Pages

Subscribe:

Friday, January 30, 2015

ဆောင်းရာသီ ဈေးကွက် မပိတ်မီ ယူနိုက်တက်မှ အန်ဒါဆန် ထွက်ခွာဖြစ်ဖွယ်ရှိ



မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ အန်ဒါဆန်သည် ဇန်နဝါရီ ဈေးကွက်ကာလ အတွင်းမှာပင် အသင်းမှ ထွက်ခွာနိုင်ခြေ ရှိနေကြောင်း သိရှိရသည်။
ယူနိုက်တက်သည် ဘရာဇီးလ် ကစားသမားကို အသင်းမှ ထွက်ခွာရန် ခွင့်ပြုထားပြီး ဖြစ်သော်လည်း အန်ဒါဆန်အတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရှိသဖြင့် ကစားသမားသည် အိုးလ်ထရက်ဒ်ဖို့ဒ်တွင် ဆက်လက် သောင်တင်နေခဲ့သည်။ သို့သော်လည်း ယခုအခါ ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ်လ်က အန်ဒါဆန်အတွက် ချဉ်းကပ်လာပြီး ယူနိုက်တက်နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ အကယ်၍ ယင်းကိစ္စ အဆင်ပြေပါက အန်ဒါဆန်သည် ယခုဈေးကွက် ကာလအတွင်းတွင်ပင် အသင်းပြောင်းဖြစ်ရန် နီးစပ်နေသည်။
ယူနိုက်တက်သည် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် လက်အောက်တွင် နေရာမရသည့် ပိုလျှံကစားသမားများကို ရှင်းထုတ်သွားရန် စီစဉ်နေသည်။ အန်ဒါဆန်အပြင် စကော့တလန် ကွင်းလယ်လူ ဒါရင်ဖလက်ချာသည်လည်း ဝက်စ်ဟမ်းယူနိုက်တက်၊ ဝက်စ်ဘရွန်းဝစ်ခ်ျ၊ ဗလန်စီယာ အစရှိသော အသင်းများ၏ ချိတ်ဆက်မှုကို ခံနေရပြီး အသင်းမှ ထွက်ခွာဖြစ်ဖွယ် ရှိနေသည်။ အန်ဒါဆန်ရော၊ ဖလက်ချာပါ နွေရာသီတွင် စာချုပ်သက်တမ်း ကုန်မည် ဖြစ်သော်လည်း ယင်းထက် အချိန်စောပြီး ယူနိုက်တက်နှင့် လမ်းခွဲရန် အကြောင်းဖန်လာခဲ့သည်။
အခြားသော သတင်းများအရ ယူနိုက်တက်သည် ဆဲလ်ဖို့ဒ်စီးတီးမှ အသင်းသို့ လာရောက် အစမ်းသပ်ခံ လေ့ကျင့်နေသည့် အသက်(၂၀)အရွယ် လူငယ် ကစားသမားလေး ဆာဒစ်ခ်အယ်လ် ဖီတူရီကို (၁၈)လ စာချုပ်တစ်ရပ် ချုပ်ဆို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ ညာနောက်ခံ နေရာတွင် ကစားသည့် အယ်လ်ဖီတူရီသည် ယူနိုက်တက် အသက်(၂၁)နှစ်အောက် အသင်းနှင့်အတူ အစမ်းသပ်ခံ ကစားပြီးနောက် လူငယ်အသင်း နည်းပြများ၏ အထင်ကြီးမှုကို ရရှိခဲ့ပြီးနောက် ယူနိုက်တက်က ၎င်းကို စာချုပ်ရန် ကမ်းလှမ်းခဲ့ခြင်းဟု သိရှိရသည်။

ှSoccer Myanmar

0 comments:

Post a Comment