Pages

Subscribe:

Tuesday, January 20, 2015

မက်ဆီနဲ့ အချိတ်အဆက်မိမိ မကစားနိုင်ရင်တော့ ကွင်းထဲမှားဝင်လာလို့ပဲ- ဇာဗီ



"Luis Aragones ဟာ သူ့ကစားသမားသက်တမ်းတလျှောက် အလေးစားရဆုံးသူပါ" လို့ ဘာကာရဲ့ အတွေ့အကြုံရင့် ကွင်းလယ်လူ ဇာဗီက တနင်္ဂနွေနေ့ ကစားပွဲ အပြီးမှာ ချီးကျူးပြောဆိုလိုက်ပါတယ်။
"ဘောလုံးသမားတစ်ယောက်ဟာ လီယိုမက်ဆီနဲ့ အချိတ်အဆက်မိမိ မကစားနိုင်ရင်တော့ ကွင်းထဲမှာ ဆက်မရှိသင့်တော့ဘူး" လို့ ဇာဗီက ပြောပါတယ်။
ဒီပို့တီဗိုနဲ့ ကစားခဲ့တဲ့ပွဲမှာ မက်ဆီဟာ ဟက်ထရစ်သွင်းလို့ အံ့မခန်း အစွမ်းကို ပြခဲ့ပါတယ်။ ကွင်းလယ်လူ ရာကီတစ်ဟာလည်း မက်ဆီနဲ့ အချိတ်အဆက်မိမိ ကစားရတာ လွယ်ကူကြောင်း ပြောခဲ့ပါတယ်။
"ကစားပွဲမှာ မက်ဆီနဲ့ မချိတ်ဆက်မိဘူးဆိုရင် သင်ဟာ ဘောလုံးသမား မဟုတ်လို့ပါပဲ" လို့ ဇာဗီက Marca ရဲ့ အဆိုကို ကိုးကားပြီး ပြောပါသေးတယ်။
ယူရို ၂၀၀၈ တုန်းက ကစားခဲ့တဲ့ စပိန်ရဲ့ တီကီတာကာစတိုင်မှာ ဖြည့်စွက်ထားတဲ့ Luis Aragones ရဲ့ ကွဲပြားတဲ့စတိုင်ကို အကြိုက်ဆုံးဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။
"ကျွန်တော် နည်းပြတွေဆီမှာ အများကြီး သင်ယူခဲ့ပါတယ်။ သည်အထဲမှာမှ Luis Aragones က ကျွန်တော်ရဲ့ ပင်ကိုအရည်အသွေး တိုးတက်လာအောင် အများကြီး ပံ့ပိုးပေးခဲ့ပါတယ်" လို့ ဇာဗီက ထပ်ပြောပါတယ်။
#‎လာလေယောင်း
Football Cafe



0 comments:

Post a Comment