Pages

Subscribe:

Thursday, January 22, 2015

အန်ဒါဆန်ကို ယူနိုက်တက် အရောင်းစာရင်း တင်ထားသော်လည်း ကမ်းလှမ်းမည့်အသင်း မရှိဘဲဖြစ်နေ




မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ကွင်းလယ်လူ အန်ဒါဆန်ကို အသင်းမှ ထွက်ခွာခွင့် ပြုထားသော်လည်း မည်သည့် ကမ်းလှမ်းမှုမျှ ရှိမလာသေးကြောင်း သိရှိရသည်။

အန်ဒါဆန်နှင့် ယူနိုက်တက်တို့ကြား စာချုပ်သည် ယခုနွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး ထိုအချိန်တွင် ၎င်းအနေဖြင့် လွတ်လပ်စွာ အသင်းသစ် ရှာနိုင်မည် ဖြစ်သည်။ ဘရာဇီးလ် လက်ရွေးစင်ဟောင်း အန်ဒါဆန်ကို ယူနိုက်တက်က အရောင်းစာရင်းတွင် အတည်ပြု ထည့်သွင်းထားသော်လည်း ကမ်းလှမ်းမှု တစ်စုံတစ်ရာ ရောက်ရှိမလာ ခဲ့ချေ။ အသက်(၂၆)နှစ်ရှိ အန်ဒါဆန်သည် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် လက်အောက်တွင် အသင်း၌ လုံးဝ နေရာမရဘဲ ရှိနေသူ ဖြစ်သည်။ ယူနိုက်တက်သည် အန်ဒါဆန်ကို ရောင်းထုတ်လိုသော်လည်း ၎င်းအတွက် ကနဦး ကမ်းလှမ်းမှုလေး တစ်ခုမျှပင် ရောက်မလာခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။

ယူနိုက်တက်သည် (၂၀၀၇)ခုနှစ်က အန်ဒါဆန်ကို ခေါ်ယူခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၂၀)မျှ ကုန်ကျခဲ့သည်။ ၎င်းသည် ဗန်ဂါးလ်လက်အောက်တွင် ဘန်လေနှင့်ပွဲက မိနစ်(၂၀)မျှသာ လူစားဝင် ကစားခွင့် ရရှိထားသည်။ အန်ဒါဆန်ကို ဥရောပ၏ နာမည်ကျော် ဘောလုံးအေးဂျင့် ဂျော့ဂ်ျမန်းဒက်စ်က ကိုယ်စားပြုထားသော်လည်း လက်ရှိ အနေအထားအရ ကစားသမားသည် အသင်းသစ် ရှာဖွေရန် ရုန်းကန်နေရသည်မှာ ထင်ရှားသည်။ အန်ဒါဆန်သည် ပြီးခဲ့သည့် ဘောလုံးရာသီက အီတလီကလပ် ဖီအိုရင်တီးနားသို့ သွားရောက် ကစားသော်လည်း အောင်မြင်မှု မရှိခဲ့ဘဲ (၄)ပွဲသာ ပွဲထွက်ခွင့် ရခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment