Pages

Subscribe:

Friday, January 30, 2015

ဗီလာနှင့်ပွဲတွင် အာဆင်နယ်၌ ဆန်းချက်ဇ် ဝင်ကစားဖြစ်ရန် မသေချာဘဲရှိနေ



အာဆင်နယ် တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်သည် အက်စ်တန်ဗီလာနှင့် ပွဲစဉ်တွင် ပါဝင် ကစားရန် မသေချာသေးဘဲ ဖြစ်နေကြောင်း သိရသည်။

နွေရာသီ ဈေးကွက် ကာလအတွင်း ဘာစီလိုနာမှ ပြောင်းရွှေ့လာပြီးနောက် ကလပ်အသင်း၏ ထိပ်တန်း ဂိုးသွင်းသူအဖြစ် ရပ်တည်နေသည့် ချီလီလက်ရွေးစင်သည် တံကောက်ကြောဒဏ်ရာ ပြဿနာ အချို့ ရှိနေကြောင်း သတင်းများက ဆိုသည်။ ၎င်းသည် တနင်္ဂနွေနေ့တွင် ကစားမည့် ပွဲစဉ်မတိုင်မီ စနေနေ့၌ ကြံ့ခိုင်မှု စမ်းသပ်ချက် ခံယူရမည်ဖြစ်ပြီး အဆင်သင့် မဖြစ်သေးပါက ဗီလာနှင့်ပွဲကို လွဲချော်ဖွယ် ရှိနေသည်။ ဆန်းချက်ဇ်သည် ယခုရာသီ အာဆင်နယ်၏ ပရီးမီးယားလိဂ် ပွဲစဉ်အားလုံးနီးပါး ကစားပြီး တစ်ပွဲသာ လွဲချော်ခဲ့သည်။ ၎င်းသည် အာဆင်နယ် ရရှိထားသည့် သွင်းဂိုး အားလုံး၏ ထက်ဝက်ကျော်ကို ကိုယ်တိုင်သွင်းယူခြင်း၊ သို့မဟုတ် ပံ့ပိုးခြင်းများဖြင့် ထောက်ကူပေးထားခဲ့သည်။

အကယ်၍ ဗီလာနှင့်ပွဲတွင် ဆန်းချက်ဇ် မပါဝင်နိုင်ပါက မန်နေဂျာ အာစင်ဝင်းဂါး၏ အသင်းသည် စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆန်းချက်ဇ် မရှိဘဲ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခုကို မိနစ်(၉၀)ပြည့် ကစားရန် အကြောင်းဖန်လာဖွယ် ရှိသည်။ လတ်တလောတွင် အာဆင်နယ် တိုက်စစ်၌ ဒန်နီဝဲလ်ဘက် ပြန်ကစားရန် အလွန်နီးစပ်နေပြီဟု ဝင်းဂါးက အတည်ပြုထားပြီး အဲလက်စ်အော့စ်လိဒ် ချမ်ဘာလိန်၊ ဂျက်ဝီလ်ရှိုင်းယားနှင့် မစ်ကယ် အာတီတာတို့မှာမူ အနားယူနေရဆဲ ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment