Pages

Subscribe:

Tuesday, January 27, 2015

အသက်မပြည့်သေးသည့် ကစားသမား ၀ယ်ယူမှုကြောင့် ရီးယဲလ်အသင်း ဘာစီလိုနာ အသင်းကဲ့သို့ အရေးယူ ခံရဖွယ်ရှိ



Written by  အောင်ငြိမ်းသွေး
မက်ဒရစ်၊ ဇန်န၀ါရီ ၂၇။    ။ရီးယဲလ်အသင်းသည် အသက်မပြည့်သေးသည့် ကစားသမားများ ၀ယ်ယူမှုကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ၏ စုံစမ်းစစ်ဆေး ခြင်းကို ခံနေရပြီး ဘာစီလိုနာ အသင်းကဲ့သို့ အပြောင်း အရွှေ့ဈေးကွက်တွင် ကစားသမားဝယ် ယူရောင်းချခွင့် ပိတ်ပင်ခံရ ဖွယ်ရှိနေသည်။
ရီးယဲလ်အသင်းသည် မကြာမီက မှနော်ဝေလူငယ် ကစားသမား အိုဒီဂတ် ကိုခေါ်ယူခဲ့ပြီး သုံးရက် အကြာတွင် ခရူဇီယိုအသင်းမှ လူးကပ်စ်ဆေးလ်ဗား ကိုထပ်မံ ၀ယ်ယူ ထားသည်။ ထိုကဲ့သို့ လူငယ်ကစား သမားများကို ၀ယ်ယူ အားဖြည့်ပြီး မကြာမီမှာပင် ယခုကဲ့သို့ သတင်းများ ထွက်ပေါ် လာခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်က ဗင်နီဇွဲ လားနိုင်ငံမှ အသက် ၁၂ နှစ်  အရွယ်သာ  ရှိသေးသည့် ကစား သမားနှစ်ဦး  ကိုခေါ်ယူခဲ့ မှုကြောင့် ရီးယဲလ်  အသင်းကို  ဖီဖာ ကစုံစမ်း စစ်ဆေးနေခြင်းဖြစ်သည်။
မန်နျူရယ်ဂေါ့ဒွိုင်းနှင့် ဖာနန်ဒို မာဆီယာဟု အမည်ရသည် အဆိုပါ လူငယ်ကစား သမားလေးနှစ်ဦး သည်ရေး ဗားပလိတ် အသင်းနှင့်အေ စီမီလန် အသင်းများ သို့ရောက်ရှိရန် နီးစပ်နေချိန်တွင် ရီးယဲလ်အသင်းက ၎င်းတို့၏သင်တန်းကျောင်းတွင် တက်ရောက်ရန် ကြားဖြတ်ကာ ခေါ်ယူသွား ခဲ့ခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ပထမအကြိမ် လက်မှတ်ထိုးခဲ့ပြီး ထိုကစား သမားလေးများ အသက် ၁၄ နှစ်အရွယ်ရောက် သည့်အချိန်တွင် ဒုတိယအကြိမ် လက်မှတ်ရေးထိုး ခဲ့သည်။
ဖီဖာက စုံစမ်း စစ်ဆေးနေသလို ရီးယဲလ် အသင်း ကလည်း ၎င်းတို့သည် ဥရောပ တိုက်မှ မဟုတ်သည့် လူငယ် ကစားသမားခေါ်ယူမှု စည်းမျဉ်း နံပါတ် ၁၄ ကို ချိုးဖောက် ခဲ့ခြင်း မရှိကြောင်း စာရွက်စာတမ်း များနှင့်တကွ ပြန်လည် အကြောင်းပြန် ခဲ့သည်။
ထိုစည်း မျဉ်းမှာ ဥရောပ တိုက်ပြင်ပမှာ အသက် ၁၈နှစ်အောက် လူငယ် ကစား သမား များသည် မိဘ များက ထိုတိုင်းပြည်  ကိုပြောင်းရွှေ့လာ  ၍ဖြစ်စေ သို့မ ဟုတ်ဘောလုံးနှင့် မပတ်သက်သည့် အခြား အကြောင်းပြချက်တစ် ခုကြောင့်ရောက်ရှိ လာ၍ဖြစ်စေ အသင်းများ အနေဖြင့်ခေါ် ယူနိုင်သည်။
ဘာစီလိုနာအသင်းမှာ ထိုစည်းမျဉ်းကို ချိုးဖောက်ခဲ့ သည့်အတွက် အပြည်ပြည် ဆိုင်ရာအားကစား ခုံရုံးအထိ အယူခံဝင် ခဲ့သော်လည်း အပြောင်းအရွှေ့တစ်နှစ် ပိတ်ပင်ခံ ခဲ့ရပြီး ဒဏ်ငွေ ပေါင် ၂၉၃,၀၀၀ ဒဏ်ရိုက် ခံခဲ့ရသည်။
Ref: Daily Mail


Mizzima

0 comments:

Post a Comment