Pages

Subscribe:

Tuesday, January 27, 2015

၂၀၁၅ အာရှဖလားပြိုင်ပွဲတွင် အိမ်ရှင် သြစတြေးလျနှင့်တောင်ကိုရီးယားတို့ ဗိုလ်လုရမည်



Written by  အောင်ငြိမ်းသွေး
နယူးကာဆယ်၊ ဇန်န၀ါရီ ၂၇။    ။၂၀၁၅ အာရှဖလားပြိုင်ပွဲ၏ ဒုတိယအကြိုဗိုလ်လုပွဲစဉ်ကို သြစတြေးလျနိုင်ငံ၊ နယူးကာဆယ်မြို့ရှိ၊ နယူးကာဆယ် အားကစား ကွင်း တွင် ယှဉ်ပြိုင် ကစားခဲ့ရာ၌ အိမ်ရှင် သြစတြေးလျအသင်းက ယူအေအီး အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွား ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ပထမ အကြို ဗိုလ်လု ပွဲစဉ်တွင် အနိုင်ရထား သည့်တောင်ကိုရီးယား အသင်းနှင့် သြစတြေးလျ အသင်းတို့ ချန်ပီယံဆု အတွက် ဗိုလ်လု ရတော့ မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၁ အာရှဖလား ပြိုင်ပွဲတွင် ဒုတိယဆုဖြင့် သာကျေနပ် ခဲ့ရသည့် သြစတြေး လျအသင်းသည် ၎င်းတို့ ၏နိုင်ငံတွင် ဆုဖလား ရယူရန် ရည်မှန်းထား သည့်အတိုင်း ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

သြစတြေးလျအသင်းအတွက် အနိုင်ဂိုးများကို စိန့်ဘာရီနှင့် ဒေးဗစ်ဆန်တို့က သွင်းယူပေးခဲ့ကြသည်။ သြစတြေးလျအသင်းသည် ယူအေအီးအသင်း ကိုခြေစွမ်း အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပွဲချိန် သုံးမိနစ်မှာပင် စိန့်ဘာရီက အဖွင့်ဂိုးကို သွင်းယူပေး ခဲ့သည်။ ဒုတိယဂိုး ကိုလည်း ပွဲချိန် ၁၄ မိနစ်မှာ ပင်ဒေးဗစ်ဆန် ကသွင်း ယူနိုင်ခြင်းဖြစ်သည်။

အာရှဖလား ပြိုင်ပွဲကို ၂၀၀၇ ခုနှစ်ကမှ စတင်ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည့် သမုဒ္ဒရာ ပိုင်းဇုန်မှ သြစတြေးလျ အသင်းသည် ဒုတိယ အကြိမ်မြောက် ဗိုလ်လု ပွဲသို့ တက်ရောက်နိုင်ခြင်းဖြစ်သည်။ သြစတြေးလျ အသင်းသည် ၂၀၀၇ ခုနှစ်တွင် ကွာတား ဖိုင်နယ်၊ ၂၀၁၁ ခုနှစ်တွင် ဒုတိယ ရရှိထားသည်။

၂၀၁၅ အာရှ ဖလား ပြိုင်ပွဲ၏ ဗိုလ်လု ပွဲစဉ်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ဆစ်ဒနီ မြို့ရှိ သြစတြေးလျ အားကစား ကွင်းတွင် ကျင်းပ မည်ဖြစ်ပြီး သြစတြေးလျ အသင်းနှင့်တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ၎င်းတို့နှစ် သင်းသည် အုပ်စုပွဲစဉ် တွင်တွေ့ဆုံ ခဲ့ကြဖူး ပြီးတောင်ကိုရီးယား အသင်းက ၁-၀ ဂိုးဖြင့် အနိုင် ရထားသည်။ အီရတ်နှင့် ယူအေအီးတို့မှာ တတိယနေရာ အတွက် ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ထိုပွဲစဉ်ကို ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ကျင်းပ မည်ဖြစ် သည်။


Ref: AFP
Mizzima

0 comments:

Post a Comment