Pages

Subscribe:

Saturday, January 24, 2015

အသင်းဟောင်းနှင့် ပွဲစဉ်အတွက် ရင်ခုန်နေသည်ဟု ဇွန်မိုးအောင် ဖွင့်ဟ



PHOTO: YUFC
ရန်ကုန်ယူနိုက်တက် အသင်းတောင်ပံ ကစားသမား ဇွန်မိုးအောင်သည် အသင်းဟောင်းနှင့် ရင်ဆိုင်ကစားမည့် ပွဲစဉ် အတွက် စိတ်လှုပ်ရှားနေကြောင်း အသင်းပိုင် ၀က်ဘ်ဆိုက် သို့ပြောကြားခဲ့သည်။

ဇွန်မိုးအောင်သည် ရန်ကုန်ယူနိုက်တက် လူငယ်အသင်းမှ ထွက်ပေါ်ခဲ့သော ကစားသမားတစ်ဦးဖြစ်သော်လည်း ဇွဲကပင်ယူနိုက်တက် အသင်းတွင် (၃)ရာသီကြာ အငှားဖြင့် သွားရောက်ကစားခဲ့ပြီး ယခုနှစ်တွင် မိခင်အသင်း၌ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိနေသူဖြစ်သည်။ ဇွန်မိုးအောင် က“ကျွန်တော်ရဲ့ ကြိုးစားရုန်းကန်နေ ရတဲ့အချိန်မှာ ဇွဲကပင်အသင်းက ကျွန်တော်ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့တယ်။ ရန်ကုန်ယူနိုက်တက် အသင်းမှာ နေရာရနိုင်ဖို့ ဇွဲကပင်အသင်းက ကျွန်တော်ကို အတွေ့အကြုံတွေ အများကြီးပေးခဲ့တယ်။ ဇွဲကပင် အသင်းရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ အခုအသင်းနဲ့ ပြန်ပြီး ရင်ဆိုင်ရမှာ ဖြစ်လို့ရင်ခုန် နေမိပါတယ်”ဟု ရန်ကုန် ယူနိုက်တက် အသင်းပိုင် ၀က်ဘ်ဆိုက်သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဇွန်မိုးအောင်သည် ရန်ကုန် ယူနိုက်တက် အသင်းအနေဖြင့် ချန်ပီယံ ဆုကို ရယူနိုင်ဖို့ အတွက် အိမ်ကွင်းပွဲ စဉ်တိုင်းတွင် အနိုင်ရရှိရန် လိုအပ်ကြောင်း သုံးသပ်ခဲ့သည်။ ရန်ကုန် ယူနိုက်တက်နှင့် ဇွဲကပင် ယူနိုက်တက် အသင်းတို့သည် ဇန်န၀ါရီလ(၂၅)ရက်တွင် ရန်ကုန်ယူနိုက်တက် အသင်း၏အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ၂၀၁၄ခုနှစ်က ရန်ကုန်အိမ်ကွင်း တွေ့ဆုံမှုတွင် တစ်ဂိုးစီ သရေကျထားသည်။

Soccer Myanmar

0 comments:

Post a Comment