Pages

Subscribe:

Monday, January 26, 2015

အက်ဖ်အေဖလားမှ ထွက်ခွာခဲ့ရသည့်အတွက် ရှက်မိကြောင်း မော်ရင်ဟို ဝန်ခံ



အက်ဖ်အေဖလားတွင် လိဂ်ဝမ်းကလပ်  ဘရက်ဖို့ဒ်ကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရသည့်အတွက် ရှက်မိကြောင်း ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ဝန်ခံပြောကြားလိုက်သည်။

အဆိုပါ ပွဲတွင် ချယ်ဆီးသည် ဂယ်ရီကာဟေးလ်နှင့် ရာမီးရက်စ်တို့၏ ဂိုးများဖြင့် ပထမပိုင်းတွင် ဦးဆောင်ခဲ့သော်လည်း ဖီးလ်ပါကင်ဆန်၏ အသင်းက လေးဂိုးပြန် သွင်းကာ ၄-၂ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

မော်ရင်ဟိုသည် ပွဲမစခင်က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ရှုံးနိမ့်ခဲ့ပါက သိက္ခာကျစရာ ဖြစ်လာလိမ့်မည်ဟု မှတ်ချက်ပေးခဲ့ပြီးနောက် ပွဲအပြီးတွင် ဘရတ်ဖို့ဒ်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အတွက် ရှက်မိကြောင်း ဆိုခဲ့သည်။

“အခုအချိန်မှာ ကျွန်တော် ဘရတ်ဖို့ဒ်အတွက် ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် ရှက်မိပါတယ်။ ကစားသမားတွေလည်း ကျွန်တော့်လိုပဲ ခံစားရလိမ့်မယ် ထင်ပါတယ်။ ကျွန်တော် မနေ့က စကားကိုပဲ ထပ်ပြောပါမယ်။ ဒီပွဲရှုံးနိမ့်တာက သိက္ခာကျစရာ ဖြစ်ရပ်တစ်ခုပါ။ လိဂ်ဝမ်းက အသင်းကို ရှုံးနိမ့်တာက လက်မခံနိုင်စရာပါပဲ။ ခင်ဗျားနေရာမှာ ကျွန်တော်သာဆိုရင် ချယ်ဆီးမန်နေဂျာနဲ့ ကစားသမားတွေကို အပြင်းအထန် ဝေဖန်မိမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment