Pages

Subscribe:

Monday, January 26, 2015

ကာလကြာရှည် အနားယူပြီးသည့်နောက် ဂိုးပြန်သွင်းယူနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်း ဝဲလ်ကော့ ဖွင့်ဟ



ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ရပြီးနောက် တနင်္ဂနွေနေ့က ဘရိုက်တန်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားပွဲတွင် အာဆင်နယ်အသင်း၏ ဂိုးသွင်းစာရင်း၌ ပါဝင်ခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်း သီအိုဝဲလ်ကော့က ပြောကြားလိုက်သည်။

အင်္ဂလန် ကွင်းလယ်တောင်ပံ ကစားသမားသည် ၂၀၁၄ ခုနှစ် နှစ်သစ်ကူးနေ့မှ စတင်ကာ ဒဏ်ရာကြောင့် အနားယူခဲ့ရသူဖြစ်ပြီး တနင်္ဂနွေနေ့က အေမက်ဇ်ကွင်းတွင် စက္ကန့် ၉၀ အတွင်း အာဆင်နယ်အတွက် အဖွင့်ဂိုး ရယူပေးနိုင်ခဲ့သည်။

“အခုလို ပြန်ကစားနိုင်ဖို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပါတယ်။ အခုလို ပြန်ကစားနိုင်ချိန်မှာ အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က တစ်နှစ်လောက် အနားယူခဲ့ရတာဆိုတော့ ပုံမှန်ခြေပြန်ရဖို့ အချိန်လိုအပ်ပါတယ်။ အခုလို ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်ကစားနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်မိပါတယ်။ နောက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ကျွန်တော့်ရဲ့ သွင်းဂိုးတွေကို နောက်ထပ် တွေ့မြင်ရမှာပါ။ ပရိသတ်တွေကလည်း ကျွန်တော် ပွဲတိုင်း ဂိုးသွင်းတာကို မြင်တွေ့ချင်ကြပါတယ်” ဟု ဝဲလ်ကော့က ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment