Pages

Subscribe:

Thursday, January 22, 2015

နဗီးလ်၏ ဝေဖန်မှုကြောင့် ပင်ကို ကစားဟန်ကို ပြောင်းလဲပစ်မည် မဟုတ်ဟု ဘလင်းတုံ့ပြန်




ဂယ်ရီနဗီးလ်၏ ဝေဖန်မှုကို ခံခဲ့ရသော်လည်း မိမိ၏ ကစားဟန်ကို ပြောင်းလဲပစ်မည် မဟုတ်ဟု မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဒါလေဘလင်းက တုံ့ပြန် ပြောကြားခဲ့သည်။

လက်ရှိတွင် Sky Sports၏ ဘောလုံးအားကစား အစီအစဉ်မှူးအဖြစ် တာဝန်ယူထားသည့် နဗီးလ်က ဘလင်းသည် ဘောလုံးကို ရိုးရိုးရှင်းရှင်း ပေးပို့မှု အလွန်များလွန်းပြီး ပိုမိုလွယ်ကူမည့် အခြေအနေကိုသာ ချဉ်းကပ် ရွေးချယ်လေ့ရှိကြောင်း မှတ်ချက်ပြု ဝေဖန်ခဲ့သည်။ ဘလင်းကမူ “ကျွန်တော်ကတော့ သူပြောတဲ့ စကားကို နားထောင်ရမှာပါ။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ ပွဲတစ်ပွဲကို ကိုယ်ပိုင်ဟန်နဲ့ ချဉ်းကပ် ကစားဖို့ လိုပါတယ်။ ပြီးတော့ မန်နေဂျာက ကျွန်တော့်ဆီက ဘာလိုချင်သလဲ ဆိုတာကလည်း အရေးကြီးတယ်လေ။ အသင်းက ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ထားဖို့ အားသန်လေ့ ရှိပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက “ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတော့ ကစားသမား တစ်ယောက်ယောက်ကို ပုံစံတစ်ခုခုနဲ့ ကစားစေချင်ကြောင်း ပြောဆိုနေတဲ့သူ တစ်ယောက်မဟုတ် တစ်ယောက်က ရှိနေမှာပပဲ။ ကျွန်တော့်အနေနဲ့ ဝေဖန်မှုတွေကို ခံနိုင်ပါတယ်။ TVပေါ်က လူတွေကလည် သူတို့ ပြောချင်တာကို ပြောနေမှာပါပဲ။ ဒါကို ကိုယ်က ပြန်ကြားမှာပဲလေ။ ဒါပေမဲ့ အရေးကြီးတာက ကျွန်တော့်အနေနဲ့ ခြေစွမ်းကောင်းကောင်း ကစားနိုင်ဖို့ပါ။ တစ်ခါတစ်လေမှာ ဘောလုံးကို ရှေ့ကို ပို့ပေးပြီး ကစားရပေမယ့် တစ်ခါတစ်လေမှာတော့ ဘောလုံးကို ပိုင်ဆိုင်မှု အသာရအောင် ထိန်းသိမ်းထားရတာမျိုး ရှိပါတယ်။ ဒါမှ အသင်းဖော်တွေ ကစားရတာ ပိုအဆင်ပြေစေမှာမျိုးပေါ့။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်ထက် တခြား ကစားသမားတွေရဲ့ အရေးပါမှုကို ပိုပြီး ပေါ်လွင်အောင် လုပ်နိုင်ပါတယ်။ ရှေ့မှာ နေရာလွတ်တွေ မြင်နေရပြီဆိုရင် ဘောလုံးကို ပေးပို့ဖို့ ဖြစ်နိုင်ပေမယ့် ကျန်တဲ့ အချိန်မှာတော့ ဘောလုံးကို ထိန်းသိမ်းထားတာဟာ ပိုကောင်းတယ်လို့ မြင်ပါတယ်”ဟုလည်း ဆိုသည်။

ဘလင်းက “ဘောလုံးကို ကွင်းထဲမှာ ဘေးတိုက် ပေးပို့ခြင်းဟာ တစ်ဦးချင်း လှုပ်ရှားဖောက်ထွက်နိုင်တဲ့ ကစားသမားတွေကို ရှာဖွေဖို့အတွက် ပိုပြီး အဆင်ပြေစေပါတယ်။ ကျွန်တော်ကတော့ ဘောလုံးကို ထိန်းချုပ်ထားပြီး ပိုင်ဆိုင်မှု အသာစီး အခြေအနေမျိုးနဲ့ ကစားရတာကို ကြိုက်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar


0 comments:

Post a Comment