Pages

Subscribe:

Tuesday, January 20, 2015

လေ့ကျင့်ခန်း အစီအစဉ် တခါဆင်းရုံနဲ့ ဆေ့နဲ့အတူ လက်တွဲ ကစားနိုင်ပါပြီးဟု ဟာဇတ်ပြောဆို



ချယ်ဆီးကြယ်ပွင့် အီဒန်ဟာဇတ်က လက်ရှိရာသီချိန်၌ ခြေစွမ်းပြ ကစားနေသည့် အသင်းဖော် ဆေ့ဖာဘရီဂက်စ်၏ ဘောလုံးအကွက်မြင်မှုကို ချီးကျူးစကား ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်ရှိရာသီ ပရီးမီးယားလိဂ်၌ ဖာဘရီဂက်စ်နှင့် ဟာဇတ်ကွင်းလယ်အတွဲသည် ပြိုင်ဘက်အသင်းတိုင်းကို ခြိမ်းခြောက်မှု ပေးနိုင်ပြီး ဖာဘရီဂက်စ်သည် ဂိုးဖန်တီးပေးပို့မှုတွင် အများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့သည်။ ထို့သို့ ဘောလုံးအကွက်မြင်စွာဖြင့် ကစားနိုင်သည့် ဖာဘရီဂက်စ်အပေါ် ဟာဇတ်က-
"ဆေ့ ဖာဘရီဂက်စ်နဲ့အတူ ခင်ဗျား လက်တွဲကစားဖို့ဆိုရင် နှစ်များစွာ အတူကစားသွားဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့ ပွဲတစ်ပွဲတည်း၊ လေ့ကျင့်ခန်း အစီအစဉ် တစ်ခုသာ အတူကစားဖို့သာ လိုအပ်ခဲ့တာပါ။ ဒီနောက်ပိုင်းတော့ ကျွန်တော်တို့ တစ်ယောက်အထာကို တစ်ယောက်နပ် သွားပါတယ်။ သူနဲ့အတူ လက်တွဲကစားရတာ တကယ့်ကို ကျေနပ်စ၇ာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ဘောလုံးအားကစားနဲ့ပက်သက်ပြီး အကုန်လုံးကို သိထားလို့ပါပဲ။
သူဟာ ဦးနှောက်ကို အသုံးချပြီး ဘောလုံးကစားသူ တစ်ယောက်ပါ။ ဇန်န၀ါရီလ ထိ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးပေးပို့မှု ၁၅ကြိမ်ထိ သူ ပြုလုပ်နိုင်တာက သူ၇ဲ့ ဘောလုံးလမ်းကြောင်း အကွက်မြင်မှုကို သိရှိနိုင်ပါတယ်။ သူဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး ကျွန်တော်လို အမြင်ရှိသူပါ။ ဒါကြောင့် ကျွန်တော် သူနဲ့အတူ လက်တွဲကစားရတာကို နှစ်သက်ပါတယ်"ဟု ဟာဇတ်က ဖာဘရီဂက်စ်အပေါ် ချီးမွန်းပြောဆိုခဲ့သည်။
#‎ရင်သွေးငယ်
Football Cafe



0 comments:

Post a Comment