Pages

Subscribe:

Friday, January 30, 2015

စထရွတ်မန်း ဒူးဒဏ်ရာ ခွဲစိတ်မှု ခံရမည်ဟု ရိုးမားကြေညာ



ရိုးမားအသင်း၏ ကွင်းလယ် ကစားသမား ကီဗင်စထရွတ်မန်းသည် ဒူးတွင် ဒဏ်ရာရရှိခဲ့သည့်နောက် ခွဲစိတ်မှုတစ်ရပ် ခံယူရမည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရာသီကလည်း ဆိုးရွားသော ဒူးဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူခဲ့ရသည့် နယ်သာလန် လက်ရွေးစင် သည် နောက်ထပ်တစ်ကြိမ် ကံဆိုးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဒုက္ခပေးနေသည့် ဘယ်ဘက်ဒူးတွင် အရေးပါသည့် ခွဲစိတ် ကုသမှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း အီတလီ စီးရီးအေ ကလပ်အသင်းက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန် ကြေညာသည်။ ထို့ကြောင့် ၎င်းသည် နောက်ထပ် လအတန်ငယ်မျှ အနားယူရမည့် သဘောဖြစ်သည်။

စထရွတ်မန်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ နှောင်းပိုင်းမှစကာ အနားယူခဲ့ရပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် လွဲချော်ခဲ့သလို ယခုရာသီတွင်လည်း ခရစ္စမတ် ကာလဝန်းကျင်မှ ပြန်ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။ ရိုးမားအသင်းက စထရွတ်မန်း၏ ဒူးတွင် တစ်သျှူးများ ပြန်လည် တည်ဆောက်မှု မှန်ကန်စေရန်အတွက် ခွဲစိတ်မှုတစ်ခု ပြုလုပ်ရမည်ဟု ဆိုသည်။ “ဗုဒ္ဓဟူးနေ့မှာ စထရွတ်မန်းဟာ စစ်ဆေးမှုတွေ ခံယူခဲ့ပါတယ်။ သူ့ရဲ့ဒူးမှာ တစ်သျှူးစုဖွဲ့မှုက အရှုပ်အထွေးတွေ ရှိနေတာ တွေ့ခဲ့ရတယ်။ ဒါကို ခွဲစိတ်မှု တစ်ခုပြုလုပ်ပြီး ဖယ်ရှားရမှာ ဖြစ်ပါတယ်။ သောကြာနေ့ကျရင် အမ်စတာဒမ်မှာ ခွဲစိတ်မှု လုပ်ပါမယ်။ ခွဲစိတ်မှုပြီးမှ သူ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ဆန်းစစ်ပါမယ်”ဟု ရိုးမား၏ ကြေညာချက်တွင် ပါရှိသည်။

စထရွတ်မန်း အနေဖြင့် မည်၍မည်မျှ အနားယူရမည် ဆိုခြင်းကိုမူ ရိုးမားက သတင်းထုတ်ပြန်ခြင်း မရှိချေ။ စထရွတ်မန်းကို မန်ချက်စတာ ယူနိုက်တက်က အလေးအနက် စိတ်ဝင်စားနေသော်လည်း ကစားသမား၏ ဒဏ်ရာ ပြဿနာများကြောင့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေဖွယ် ရှိကြောင်းလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment