Pages

Subscribe:

Wednesday, January 28, 2015

ဥရောပလိဂ် ငါးခုတွင် ထိရောက်မှု အရှိဆုံး တိုက်စစ်ပိုင်း အဖြစ် ရီးယဲလ် အသင်း ထိပ်ဆုံးမှ ရပ်တည်



Written by  အောင်သုတ
မက်ဒရစ်၊ ဇန်န၀ါရီ ၂၈။     ။ဥရောပ၏ ထိပ်သီးလိဂ်ပြိုင်ပွဲငါးခုမှ ပြိုင်ပွဲဝင် အသင်းများထဲတွင် ထိရောက် မှုအရှိဆုံး တိုက်စစ်ပိုင်း ၊ကြောက်စရာ အကောင်းဆုံး တိုက်စစ်ပိုင်း စုဖွဲ့မှုကို ပိုင်ဆိုင် ထားသော အသင်းအဖြစ် လာလီဂါ ကလပ် ရီးယဲလ် အသင်းက ထိပ်ဆုံး၌ရပ် တည်နေကြောင်းလေ့လာမှု တစ်ရပ်က ထုတ်ပြန်ခဲ့ သည်။
ဆွစ်ဇာလန်အခြေစိုက်ဘောလုံး အချက် အလက်များ စူးစမ်းလေ့လာသူ အဖွဲ့အစည်း တစ်ခုမှ ထုတ်ပြန် ခဲ့သော အချက်အလက် များအရ ရီးယဲလ်အသင်းသည် လာလီဂါတွင် ပျမ်းမျှဂိုးပေါက် ကန်သွင်းမှု ၅ ဒသမ ၄ ကြိမ်လုပ်တိုင်း တစ်ဂိုးသွင်း ယူထားနိုင် ခဲ့သည်။
ဥရောပ ထိပ်သီး လိဂ်ငါး ခုဖြစ်သော  ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ် လိဂ်ဝမ်း တို့မှ  အသင်းပေါင်း ၉၈ သင်း၏  တစ်ဂိုးသွင်း ယူနိုင်ရန် ပျမ်းမျှဂိုး ကန်သွင်း မှုပြုလုပ်မှု ကိုလေ့လာခဲ့ပြီး ရီးယဲလ် အသင်းက ထိပ်ဆုံး၌ ရပ်တည် ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်အသင်း၌ ယခုနှစ်ရာသီတွင် လိဂ်ပွဲ၁၈ ပွဲတွင် ၂၈ ဂိုးထိ သွင်းယူထားသော တိုက်စစ်မှူးစီရော်နယ်ဒို၊ ၁၆ပွဲတွင် ၁၀ ဂိုးသွင်းယူထားသော ဂါရတ်ဘေးလ် စသည့်ကစားသမားများ ပိုင်ဆိုင် ထားမှုကြောင့် တိုက်စစ်ပိုင်းစုဖွဲ့မှုမှာ အတောင့်တင်း ဆုံးပုံစံရှိနေကာ ဂိုးကန် သွင်းမှုအ နည်းဆုံးဖြင့် ဂိုးအများ အပြား သွင်းယူ ထားနိုင်ခြင်းဖြစ်သည်။
ရီးယဲလ် အသင်း ၏နောက် ဒုတိယ တိုက်စစ် အထက်မြက် ဆုံးအသင်း အဖြစ် ဗလင်စီယာအသင်း၊ တတိယနေရာတွင် အက်သလက်တီကို၊ စတုတ္ထနေရာတွင် ဘာစီလိုနာအသင်းတို့ ရှိနေပြီး ထိပ်ဆုံး ၄နေရာကို စပိန်လာလီဂါအသင်းများက ကြီးစိုးထားသည်။ ပရီးမီးယားလိဂ်မှ တိုက်စစ် အထက်မြက် ဆုံးအသင်း အဖြစ် ချယ်လ်ဆီး အသင်း ကနံပါတ် ၁၀နေရာ တွင်ရပ်တည် ခဲ့ပြီး ထိပ်ဆုံး ၁၀ သင်းတွင် ဂျာမနီမှ ၃ သင်းနှင့်ပြင်သစ် မှ ၂ သင်းပါဝင် ခဲ့သည်။
Ref: Daily Mail

Mizzima

0 comments:

Post a Comment