Pages

Subscribe:

Thursday, January 22, 2015

အိုဒီဂါ့ဒ်ကို စာချုပ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ရီးယဲလ် အတည်ပြု ကြေညာ




ဥရောပ ကလပ်အသင်း အမြောက်အမြားနှင့် သတင်း ထွက်ခဲ့ပြီးနောက် နော်ဝေး တက်သစ်စ လူငယ် ကစားသမားလေး မာတင်အိုဒီဂါ့ဒ်သည် ရီးယဲလ်မက်ဒရစ် အသင်းနှင့် အတည်ပြု စာချုပ်လိုက်ပြီ ဖြစ်သည်။

အသက်(၁၆)နှစ် အရွယ်ရှိ နော်ဝေး လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ကစားသမားလေးသည် ဥရောပ ထိပ်တန်း ကလပ် အတော်များများတွင် အစမ်းသပ်ခံ သွားရောက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် ရီးယဲလ်နှင့်သာ လက်တွဲခဲ့သည်။ ၎င်းကို စာချုပ်လိုက်ပြီဖြစ်ကြောင်း စပိန်ထိပ်တန်း ကလပ်အသင်းကြီးက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန် ကြေညာသည်။ အိုဒီဂါ့ဒ်သည် အံ့မခန်း လျင်မြန်စွာ တိုးတက်မှုများ ရှိခဲ့သည့်နောက် ၎င်း၏ ဘောလုံးစွမ်းရည် ဆက်လက် မြှင့်တင်ရေး အားထုတ်မှုကို တွန်းအားပေးနိုင်မည့် ဥရောပ ကလပ်အသင်း တစ်ခုကို ရှာဖွေခဲ့သည်။

အိုဒီဂါ့ဒ်ကို ဘိုင်ယန်မြူးနစ်နှင့် အေဂျက်စ် အမ်စတာဒမ် အသင်းများကလည်း ခေါ်ယူနိုင်ရန် သတင်းကြီးခဲ့သည့်တိုင် နောက်ဆုံးတွင် ဆယ်ကျော်သက် လူငယ်ကြယ်ပွင့်လေးသည် ဘာနေဗျူးကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။ “ရီးယဲလ်မက်ဒရစ် အသင်းဟာ မာတင်အိုဒီဂါ့ဒ်ကို ခေါ်ယူဖို့အတွက် စထရွမ်ဂေါ့ဒ်ဆက် အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါပြီ”ဟု ရီးယဲလ်က ကြေညာချက် ထုတ်ပြန်သည်။ အိုဒီဂါ့ဒ်သည် ရီးယဲလ်နှင့် ဆေးစစ်မှုများ ခံယူပြီးမြောက်ပြီးနောက် ကြာသပတေးနေ့တွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် အသင်းက ကျင်းပပေးသွားမည်ဟုလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment