Pages

Subscribe:

Sunday, January 25, 2015

မကွေးကို သရေကစားပြီး နေပြည်တော်တို့ ရမှတ် စတင်ရယူနိုင်ခဲ့



မြန်မာ နေရှင်နယ်လိဂ် အပတ်စဉ်(၃)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မကွေးအသင်းနဲ့ နေပြည်တော် အသင်းတို့ဟာ သုဝဏ္ဏ ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ မကွေးအသင်းဟာ ဒီပွဲမတိုင်ခင် ရမှတ်လေးမှတ် ရရှိထားပြီး နေပြည်တော် အသင်းကတော့ အိမ်ကွင်းနှစ်ပွဲဆက် အရှုံးကြောင့် ရမှတ် ရယူထားခဲ့ခြင်း မရှိသေးပါဘူး။
ဒီပွဲစဉ်မှာ နှစ်သင်းစလုံးက အမာခံ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး အပြန်အလှန် ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ ပါတယ်။ မကွေးအသင်း ကတော့ စုဖွဲ့မှု အားကောင်းတဲ့ အသင်းပီပီ နောက်ပိုင်းပွဲချိန်တွေမှာ နေပြည်တော် အသင်းကို ထိုးဖောက်မှုတွေ ပိုမိုပြုလုပ်နိုင်ခဲ့ပါတယ်။ နေပြည်တော်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေဟာ ကွင်းလယ်မှာပဲအပျက်များနေခဲ့ပြီး မကွေးအသင်းရဲ့ တိုက်စစ်တွေကလည်း အဆုံးသတ် မသေချာမှု တွေကြောင့် ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး။ ပထမပိုင်း ပြီးခါနီးမှာလည်း မကွေးအသင်း ခေါင်းဆောင် စိုင်းမင်းနိုင် ဧရိယာထဲ ဆွဲဝင်ပြီး ကန်သွင်းမှု ဟာ ဂိုးပေါက်နဲ့ အတော်များများ လွဲချော်ခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးသွင်း နိုင်ခြင်း မရှိခဲ့ပါဘူး။
ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာလည်း မကွေးအသင်းကသာ ပိုမို ဖိအားပေး နိုင်ခဲ့ပေမယ့် ပွဲချိန်(၅၅) မိနစ် အထိဂိုး အဖြစ်မပြောင်းလဲ နိုင်သေးပါဘူး။ ပွဲချိန်မိနစ် (၆၀)ကျော်ချိန်မှာတော့ နေပြည်တော် အသင်းရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့သလို  ပွဲချိန် (၇၇)မိနစ်မှာ စိုးမင်းနိုင် ဂိုးစည်းထဲ ပြေးဝင်ပြီး ချိုးပေးခဲ့ပေမယ့် ကိုကိုနိုင်
နောက်ကျနေခဲ့တာကြောင့် မကွေးတို့ နစ်နာခဲ့ရ ပါတယ်။ ပွဲချိန်(၈၈)မိနစ်မှာလည်း မကွေး တိုက်စစ်မှူး ဆယ်လ်လာ၏ ခေါင်းတိုက်ချက်ကို နေပြည်တော် ဂိုးသမား နိုင်ဇေယျာထွန်း လက်စွမ်းပြ ကာကွယ်နိုင် ခဲ့တာကြောင့် လည်း နေပြည်တော်တို့ သရေတစ်မှတ်ကို ရယူနိုင်ခဲ့တာပါ။

Soccer Myanmar

0 comments:

Post a Comment