Pages

Subscribe:

Thursday, January 22, 2015

ချန်ပီယံလိဂ်တွင် အောင်မြင်ရေးထက် တန်းဆင်းဇုန်မှ လွတ်မြောက်ရေးက ပိုမိုအရေးကြီးဟု ဒေါ့တ်မန်နည်းပြ ဝန်ခံ




လက်ရှိ အခြေအနေများအရ မိမိ၏အသင်း ချန်ပီယံလိဂ်တွင် အောင်မြင်မှု ရရှိရေးထက် တန်းမဆင်းရအောင် ရုန်းကန်ရေးက ပိုမို လက်တွေ့ကျကြောင်း ဘိုရပ်ရှားဒေါ့တ်မန် နည်းပြ ယာဂင်ကလော့ပ်က ဝန်ခံခဲ့သည်။

ဒေါ့တ်မန်သည် အုပ်စုဗိုလ် အဖြစ်နှင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်ထားသော်လည်း ဘွန်းဒစ်လီဂါတွင် ဆိုးဆိုးရွားရွား ရုန်းကန်နေရသည်။ ဒေါ့တ်မန်အသင်းသည် ဘွန်းဒစ်လီဂါ (၁၇)ပွဲ ကစားပြီးနောက် (၁၅)မှတ်သာ ရရှိထားသဖြင့် ဇယားအောက်ခြေထိ ရောက်ရှိနေသည်။ ဒေါ့တ်မန်သည် ယခုအခါ အမှတ်ပေးဇယား ဦးဆောင်သူ ဘိုင်ယန်မြူးနစ်နောက် အမှတ်(၃၀)ထိ ပြတ်ကျန်နေပြီ ဖြစ်သည်။ ဒေါ့တ်မန်သည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် အီတလီ ချန်ပီယံ ဂျူဗင်းတပ်စ်နှင့် ရင်ဆိုင်ရမည် ဖြစ်သော်လည်း လတ်တလော အနေအထားအရ တန်းဆင်းဇုန်မှ လွတ်မြောက်ရေးကိုသာ ဦးစားပေးရလိမ့်မည်ဟု ကလော့ပ်က ဖွင့်ဟ ပြောကြားခဲ့သည်။

“အခုတော့ ကျွန်တော် ချန်ပီယံလိဂ်အကြောင်း မတွေးအားသေးဘူး။ အခုကစပြီး အသင်းအနေနဲ့ ဘွန်းဒစ်လီဂါမှာ အရှိန်တင် ကစားဖို့ လိုလာပြီ။ တကယ်လို့ ကျွန်တော့်အသင်းမှာ တခြားကို ပြောင်းချင်တဲ့ ကစားသမားတွေ ရှိကောင်းလည်း ရှိလိမ့်မယ်။ သူတို့ ရှင်းရှင်းလင်းလင်း သိထားရမှာက ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်မှာ တစ်ရာသီလောက် ကင်းကွာနေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ (၁၇)ပွဲ ကစားပြီးပြီ။ ကျွန်တော်တို့ နောက်ထပ် အစွမ်းကုန် အားထုတ် ရုန်းကန်ရတော့မယ်”ဟု ကလော့ပ်က ဆိုသည်။
၎င်းက “ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ နွေရာသီထိ အချိန်ယူနေလို့ မရနိုင်တော့ဘူး။ နည်းဗျူဟာပိုင်းမှာ ကျွန်တော်တို့ဟာ ကြီးကြီးမားမား ပြောင်းလဲပစ်လို့ ချက်ချင်းမရနိုင်ဘူး။ ဒါကြောင့် အသင်းသားတွေ အနေနဲ့ ပုံစံကောင်း ပြန်ရလာဖို့က ပိုအရေးကြီးပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment