Pages

Subscribe:

Saturday, January 24, 2015

ယူနိုက်တက်တွင် ဒီဂီယာ၏ အနာဂတ် သေချာသည်ဟု မပြောနိုင်ကြောင်း အေးဂျင့်မှတ်ချက်ပြု




ဒေးဗစ်ဒီဂီယာသည် မန်ချက်စတာ ယူနိုက်တက်တွင် အနာဂတ် အမြဲတမ်း သေချာနေမည်ဟု မပြောနိုင်ကြောင်း ၎င်း၏ အေးဂျင့်က ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ် အသင်းက ယူနိုက်တက်၏ စပိန်လက်ရွေးစင် ဂိုးသမားကို အလေးအနက် စိတ်ဝင်စားနေချိန်တွင် နာမည်ကျော်အေးဂျင့် ဂျော့ဂ်ျမန်းဒက်စ်က ယခုကဲ့သို့ မှတ်ချက်ပေးလာခြင်း ဖြစ်သည်။ ယူနိုက်တက် တာဝန်ရှိသူများသည် ဒီဂီယာကို အသင်းတွင် ဆက်လက် ထိန်းသိမ်းထားရန်အတွက် စာချုပ်သစ် ကမ်းလှမ်းရန် စီစဉ်နေကြသည်။ ဒီဂီယာ၏ စာချုပ်သည် (၁၈)လမျှသာ သက်တမ်း ကျန်တော့သည်။ အသက်(၂၄)နှစ်အရွယ် ဂိုးသမား၏ အေးဂျင့်ဖြစ်သူ မန်းဒက်စ်သည် ယခင်ယူနိုက်တက် ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒို၏ ရီးယဲလ်သို့ အပြောင်းအရွှေ့တွင်လည်း ကြားဝင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

မန်းဒက်စ်က “ဒီဂီယာက အံ့ဩစရာ ကစားသမားမျိုးပါ။ သူက အရမ်း ထူးချွန်တယ်။ အခုလောလောဆယ် သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား ဖြစ်ပါတယ်။ သူတို့နဲ့လည်း စာချုပ်ထားတယ်။ ဒါကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ဘောလုံးလောကမှာ ဘာမဆို (၅)မိနစ်လောက် အတွင်း ပြောင်းလဲသွားနိုင်ပါတယ်”ဟု Marcaသို့ မှတ်ချက်ပြု ပြောဆိုခဲ့သည်။ ယူနိုက်တက်သည် ဆောင်းရာသီ ဈေးကွက်ကာလတွင် စပိန်ဂိုးသမား ဗစ်တာဗဲလ်ဒက်စ်ကို စာချုပ်ထားသော်လည်း အသင်းမန်နေဂျာ လူးဝစ်ဗန်ဂါးလ်ကမူ ယင်းသည် ဒီဂီယာ၏ နေရာကို အစားထိုးရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ အရန်ဂိုးသမားအဖြစ် လျာထားခြင်းသာဖြစ်ကြောင်း ပြောကြားထားသည်။

Soccer Myanmar

0 comments:

Post a Comment