Pages

Subscribe:

Monday, January 26, 2015

ကော်ဒိုဘာနှင့်ပွဲတွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် ရော်နယ်ဒို တောင်းပန်



စနေနေ့က ကော်ဒိုဘာနှင့် ပွဲတွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် ရီးယဲမက်ဒရစ် တိုက်စစ် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုက တောင်းပန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် တစ်ဂိုးစီ သရေကျနေစဉ်အတွင်း ပေါ်တူဂီ ကြယ်ပွင့်က ကော်ဒိုဘာ နောက်ခံလူ အက်ဒီမာကို ကန်ခဲ့သောကြောင့် ဒိုင်လူကြီး ဟာနန်ဒက်ဇ်က အနီကတ်ပြသကာ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ရော်နယ်ဒို၏ လာလီဂါ ကစားသမားဘဝတွင် လေးကြိမ်မြောက် အနီကတ်ဖြစ်ခဲ့ပြီး ပွဲအပြီးတွင် Ballon d’Or ဆုရှင်က အဆိုပါဖြစ်ရပ်အတွက် တောင်းပန်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

“ဒီနေ့ပွဲမှာ ကျွန်တော့်ရဲ့ စဉ်းစားဆင်ခြင်မှု ကင်းမဲ့တဲ့ လုပ်ရပ်အတွက် အားလုံးကို တောင်းပန်လိုပါတယ်။ အထူးသဖြင့် အက်ဒီမာကို တောင်းပန်လိုပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။ယင်းပွဲစဉ်တွင် ရော်နယ်ဒို ထုတ်ပယ်ခံခဲ့ရသော်လည်း ပွဲပြီးခါနီးတွင် ရရှိသည့် ပင်နယ်တီကို ဂါရတ်ဘေးလ်က သွင်းယူခဲ့သောကြောင့် မက်ဒရစ်က အနိုင်ရရှိသွားခဲ့သည်။

သို့သော်လည်း ရော်နယ်ဒို ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းအနေဖြင့် ကော်ဒိုဘာကို အနိုင်ရရန် ခက်ခဲခဲ့ကြောင်း အိုင်ကာ ကားဆီးလက်စ်က ပြောကြားခဲ့ သည်။“ခရစ္စတီ ယာနိုကြောင့် စိတ် အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ ဘယ်ကစားသမားကမှ အသင်းကို ၁၀ ယောက်တည်းနဲ့ ကစားချင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုခဲ့သည်။
မက်ဒရစ် နည်းပြ ကာလိုအန်ဆယ်လော့တီကမူ ရော်နယ်ဒို၏ ဖြစ်ရပ်ကို မြင်တွေ့ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။“ခရစ္စတီယာနိုရဲ့ လုပ်ရပ်ကို မမြင်ခဲ့တဲ့အတွက် ဒီဖြစ်ရပ်အပေါ် မဝေဖန်နိုင်ပါဘူး” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment