Pages

Subscribe:

Thursday, January 29, 2015

ရီးယဲလ်၏ အိမ်ကွင်းအမည်ကို ရောင်းချရန် သဘောတူညီမှု ရရှိထားကြောင်း သတင်းများ ထွက်ပေါ်



အသင်း၏ အိမ်ကွင်းအမည်ကို ရောင်းချရန် ရီးယဲလ်မက်ဒရစ် အနေဖြင့် သဘောတူညီမှုတစ်ခု ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။
Diario ASက UAE စီးပွားရေး လုပ်ငန်းစုများနှင့် ညှိနှိုင်းမှုအရ ဆန်တီယေဂို ဘာနေဗျူးကွင်း၏ အမည်ကို အဘူဒါဘီ ဘာနေဗျူး အဖြစ် ပြောင်းလဲရန် ရီးယဲလ်က သဘောတူထားကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ သဘောတူညီမှုအရ တစ်နှစ်လျှင် ရီးယဲလ် က ပေါင်စတာလင် (၁၅)သန်း ရရှိပြီး နှစ်ပေါင်း(၂၀)ကြာ စာချုပ်ဖြင့် ပေါင်စတာလင် သန်း(၃၀၀)ထိ ပိုင်ဆိုင်လာမည်ဟု ဆိုသည်။ ရေနံနှင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများကြောင့် အလွန်ကြွယ်ဝ ချမ်းသာနေသည့် UAE နိုင်ငံမှ အဘူဒါဘီ တော်ဝင် မိသားစု သည် မန်ချက်စတာ စီးတီး အသင်းကို ကျောထောက်နောက်ခံ ပိုင်ဆိုင်ထားသလို ရီးယဲလ်နှင့်လည်း လက်တွဲပူးပေါင်း ဆောင်ရွက်မှုများ ရှိနေသည်။
ဘာနေဗျူးကွင်း၏ အမည်မူပိုင်ခွင့် ဝယ်ယူရေးကို Coca-Colaနှင့် Microsoft ကုမ္ပဏီများကလည်း စိတ်ဝင်စားခဲ့သည့်တိုင် အဘူဒါဘီ စီးပွားရေး လုပ်ငန်းစုက ပိုင်ဆိုင်သည့် စပိန် စွမ်းအင်ကုမ္ပဏီ Cepsa၏ ညှိနှိုင်းမှုက အောင်မြင်သွားခြင်းဟု ဆိုသည်။ မက်ဒရစ်တွင် အခြေစိုက်သည့် Cepsaသည် စပိန်၏ စတုတ္ထ အကြီးဆုံး စက်မှုလုပ်ငန်းကြီး တစ်ခုအဖြစ်လည်း ရပ်တည်လျက် ရှိသည်။ ရီးယဲလ်အနေဖြင့် ကွင်းအမည် ပြောင်းလဲမည့် ကိစ္စကို တစ်စုံတစ်ရာ တရားဝင် မကြေညာသော်လည်း Diario ASက အဘူဒါဘီ ဘာနေဗျူးဆိုသော အမည်ကို ပြောင်းလဲသွားလိမ့်မည်ဟု ရေးသား ဖော်ပြခဲ့သည်။
နောက်ဆုံး ကောက်ခံထားသော စစ်တမ်းများအရ ရီးယဲလ်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ကလပ်အသင်းအဖြစ် ရပ်တည်လျက်ရှိရာ အကယ်၍ အားကစားကွင်း အမည်ရောင်းချမှုဖြင့် ပေါင်စတာလင် သန်း(၃၀၀) ရရှိလာပါက အသင်း၏ ဓနအင်အားသည် ပိုမိုတောင့်တင်း အားကောင်းလာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment