Pages

Subscribe:

Tuesday, January 20, 2015

အီတလီဘောလုံးလောက တိုးတက်စေရန် ဆောင်ရွက်နိုင် သည့်နည်းပြအဖြစ် အန်စလော့တီ ဆုချီးမြှင့်ခံရ



အီတလီ၊ ဇန်န၀ါရီ ၂၀။   ။ရီးယဲလ်နည်းပြ အန်စလော့တီသည် အီတလီဘောလုံးလောက တိုးတက်စေ ရန်ဆောင် ရွက်ပေးနိုင် သူများ ကိုပေးအပ် ချီးမြှင့်သည့် Italian Football Hall of Fame ဆုများထဲမှ နည်းပြဆုကို ဆွတ်ခူးရရှိခဲ့သည်။
Italian Football Hall of Fame ဆုများကို ၂၀၁၁ ခုနှစ်က စတင်ပေးအပ်ခဲ့ပြီး အီတလီဘော လုံးလောက တိုးတက်အောင်ဆောင် ရွက်ပေးနိုင် သည့်ဘောလုံး သမား(အမျိုးသား/ အမျိုးသမီး)၊ နည်းပြ၊ ဒိုင်လူကြီး၊ အုပ်ချုပ်ရေးမှူးနှင့် ကွယ်လွန်ပြီး ခဲ့သူများကို ဆုများပေး အပ်ချီးမြှင့်ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် အတွက် Italian Football Hall of Fame ဆုများထဲ မှာဘောလုံး သမားဆု ကိုဖေဘီယို ကန်နဗာရို၊ နည်းပြဆုကို အန်စလော့တီ၊ ဒိုင်လူကြီး ဆုကို ဘရက်ချီ၊ အုပ်ချုပ်ရေး မှူးဆုကို ဂျူဗင်တပ်စ် အသင်း အမှုဆောင် အရာရှိချုပ် မာရော့တာ၊ အမျိုးသမီးဘောလုံး သမားဆုကို မိုရာစီ ၊နိုင်ငံခြားဘောလုံး သမား ဆုကို မာရာဒိုနာတို့က ရရှိခဲ့ပြီး ကွယ်လွန်ခဲ့သူများထဲမှ ဘယ်ဂါရယ်လီ၊ နိုဗိုနှင့် ကာကာနိုတို့က ဆုရရှိခဲ့ကြသည်။
အန်စလော့တီသည် ၁၉၇၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပါးမား၊ ရိုးမားနှင့် အေစီမီလန် အသင်းတို့တွင် ကစားခဲ့ ပြီးအောင်မြင် မှုများစွာ ရယူနိုင် ခဲ့သည်။ အီတလီ လက်ရွေးစင်အဖြစ် ၁၉၈၁ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိကစားခဲ့ပြီး ၁၉၉၀ ကမ္ဘာ့ဖလားတွင် အီတလီအသင်းနှင့်အတူ တတိယဆု ရရှိခဲ့သည်။
၁၉၉၅ ခုနှစ်တွင် နည်းပြဘ၀သို့ ကူးပြောင်းခဲ့ပြီး ဂျူဗင်တပ်စ်၊ အေစီမီလန်၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီနှင့် ရီးယဲလ်အသင်းများကို ကိုင်တွယ် ခဲ့ပြီးအောင်မြင် မှုများ စွာရယူနိုင် ခဲ့သည်။
အန်စလော့တီသည် ၁၉၉၀ ကမ္ဘာ့ဖလားတွင် ၀တ်ဆင်ခဲ့သော ၎င်း၏ နံပါတ် ၉ ဂျာစီကို အီတလီဘောလုံးပြတိုက်သို့ ဆုပေးပွဲတွင် လှူဒါန်းခဲ့သည်။
Ref:Daily Mail
Written by  အောင်ငြိမ်းသွေး
Mizzima



0 comments:

Post a Comment