Pages

Subscribe:

Tuesday, January 27, 2015

ရီးယဲလ်မှ ထွက်ခွာဖြစ်လျှင် မေဂျာလိဂ်သို့ သွားရောက် ကစားလိုဟု ကားဆီးလက်စ် ဖွင့်ဟ



ကစားသမား ဘဝ အဆုံးပိုင်း ကာလတွင် အမေရိကန် မေဂျာလိဂ်သို့ သွားရောက် အခြေချ ကစားလိုကြောင်း အိုင်ကာ ကားဆီးလက်စ်က ဖွင့်ဟ ပြောကြားခဲ့သည်။

အသက်(၃၃)နှစ်ရှိ ကားဆီးလက်စ်သည် ပြီးခဲ့သည့် ရာသီက စုစုပေါင်း (၂၃)ပွဲသာ ကစားခဲ့ရသော်လည်း ယခုရာသီတွင်မူ အသင်း၏ ပွဲထွက်ဂိုးသမား နေရာကို ပြန်လည် ရရှိနေပြီ ဖြစ်သည်။ သို့သော်လည်း အသက်အရွယ် ရလာပြီဖြစ်သည့် ၎င်း၏ နေရာကို အစားထိုးရန် ရီးယဲလ် တာဝန်ရှိသူများက မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို အနီးကပ် စောင့်ကြည့်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ကားဆီးလက်စ်ကမူ မိမိသည် ရီးယဲလ်မှ ထွက်ခွာဖြစ်လျှင် အမေရိကန်၌ သွားရောက် ကစားလိုကြောင်း ဆိုသည်။

“မေဂျာလိဂ်မှာ သွားကစားချင်ကြောင်း ထုတ်ပြောဖို့ ကျွန်တော့်အတွက် ဘာမှ ပြဿနာ မရှိပါဘူး။ ရီးယဲလ်က ကျွန်တော် ထွက်ခွာဖြစ်ချိန်မှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတစ်ခုခုမှာ သွားကစားဖို့ မလွယ်ဘူး။ ဒါပေမဲ့ စွန့်စားခန်း တစ်ခုအတွက်တော့ ဖြစ်နိုင်တယ်။ ဥရောပမှာ မဟုတ်တဲ့ ပြိုင်ပွဲမျိုးပေါ့။ မေဂျာလိဂ်ဟာ ထိုးထွင်းတီထွင်မှု ကောင်းမွန်ပြီး ကွဲပြားတဲ့ အခြေအနေနဲ့ တိုးတက်လာတဲ့ လိဂ်ပြိုင်ပွဲတစ်ရပ် ဖြစ်ပါတယ်”ဟု ကားဆီးလက်စ်က မှတ်ချက်ပြုခဲ့သည်။ ဝါရင့် စပိန်ဂိုးသမားကြီးက “ရီးယဲလ်မက်ဒရစ်နဲ့ ဖြတ်သန်းမှုတွေ ကုန်လွန်သွားပြီဆိုရင် ကျွန်တော်က ကွဲပြားတဲ့ ဘောလုံး အတွေ့အကြုံတွေကို ရယူချင်ပါတယ်”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment