Pages

Subscribe:

Tuesday, January 27, 2015

အလုပ်လုပ်ခွင့် ပါမစ် ခွင့်ပြုချက် ရခဲ့သည့်နောက် ဂါဘရီရယ်လ်၏ အာဆင်နယ် အပြောင်းအရွှေ့ ပြီးမြောက်ရန် နီးစပ်



အလုပ်လုပ်ခွင့် ပါမစ် ခွင့်ပြုချက် ရရှိသွားပြီးနောက် အာဆင်နယ် အနေဖြင့် ဂါဘရီရယ်လ် ပေါ်လစ္စတာကို အပြီးသတ် ခေါ်ယူနိုင်ရန် အလွန်နီးစပ်နေပြီဟု သိရှိရသည်။

အသက်(၂၄)နှစ်ရှိ ဘရာဇီးလ် ဗဟိုနောက်ခံလူသည် စနေနေ့က လီဗန်တေးနှင့် ကစားသည့် ပွဲစဉ်တွင် ဗီလာရီးယဲလ် လူစာရင်းမှ နုတ်ထွက် ခဲ့သည့်နောက် အာဆင်နယ်သို့ ပြောင်းရွှေ့ရေးကိစ္စ အရှိန်မြင့်လာခဲ့သည်။ အာဆင်နယ်သည် ဂါဘရီရယ်လ်ကို ပေါင်စတာလင် (၁၁.၂)သန်းဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေပြီး ယခုအခါ ကစားသမားသည် ဗြိတိန်တွင် အလုပ်လုပ်ခွင့် ပါမစ် ရရှိသွားပြီ ဖြစ်ခြင်းကြောင့် အပြီးသတ် စာချုပ်နိုင်ရန် နောက်ဆုံးအဆင့်သာ ကျန်တော့သည်။ ဗီလာရီးယဲလ် အသင်းဘက်ကမူ ဂါဘရီရယ်လ် အနေဖြင့် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ကြိုတင် ကြေညာထားပြီး ဖြစ်သည်။

အာဆင်နယ်သည် ဂါဘရီရယ်လ်ကို ခေါ်ယူခြင်းအတွက် တောင်ပံတိုက်စစ်သမား ဂျိုဝယ်လ်ကမ့်ဘဲလ်ကို ရာသီကုန်ထိ ဗီလာရီးယဲလ်ထံ အငှားစေလွှတ်ပေးရမည် ဖြစ်သည်။ ဂါဘရီရယ်လ်သည် ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြုဖူးခြင်း မရှိသဖြင့် ၎င်း၏ အလုပ်လုပ်ခွင့် ပါမစ် ငြင်းဆိုခံရနိုင်ကြောင်း အစောပိုင်းက စိုးရိမ်မှုများ ရှိခဲ့သည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် နွေရာသီ ဈေးကွက်အတွင်းက ရောင်းထုတ်လိုက်သည့် သောမတ်စ် ဗာမေလန်၏ နေရာကို ပြန်လည် ဖြည့်တင်းရန် ကြိုးစားနေရာမှ ဂါဘရီရယ်လ်ကို ချဉ်းကပ်မှုတွင် အောင်မြင်သွားခြင်း ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment