Pages

Subscribe:

Tuesday, January 20, 2015

မီနိုလတ်ဟာ အကောင်းဆုံး လက်စွမ်းကို ပြန်ရနေပါပြီးဟု အသင်းဖော်ကို ချီးကျူးလိုက်သည့် ဟန်ဒါဆန်



လီဗာပူး ဂိုးသမား ဆီမွန် မီနိုလတ်ဟာ သူရဲ့အကောင်းဆုံး လက်စွမ်းကို ပြန် ရနေပါပြီးဟု လီဗာပူးလ် ကွင်းလယ်လူ ဂျိုဒန် ဟတ်ဒါဆန်က ချီးမွန်းပြောဆို ခဲ့သည်။
ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် လီဗာပူးလ်သည် အက်စတွန် ဗီလာအပေါ် ၂-၀ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲတွင် လီဗာပူးလ် ဂိုးသမား မီနိုလတ်သည် အက်စတွန်ဗီလာ ကစားသမားများ၏ အပိုင်ဂိုး ကန်သွင်းခွင့်များကို အံ့အားသင့်ဖွယ် လက်စွမ်းပြ ကာကွယ်တားဆီးနိုင်ခဲ့သည်။ ထိုသို့ မီနိုလတ်၏ လက်စွမ်းပြ ကာကွယ်ခဲ့သည့်အပေါ် ဟန်ဒါဆန်က-
" ဗီလာနဲ့ ကစားခဲ့တဲ့ပွဲမှာ မီနိုလတ်ရဲ့ ကာကွယ်တားဆီးမှု လက်စွမ်းကတော့ ထိပ်တန်းအဆင့် ဖြစ်ခဲ့ပါတယ်။ သူ၇ဲ့ကာကွယ်မှုတချို့က ကျွန်တော်တို့ အသာရအောင် ဖြစ်စေခဲ့ပါတယ်။ ပြီးတော့ နေ၇ာလွတ်တွေကနေ ဗီလာ ကစားသမားတွေရဲ့ ကန်ချက်တွေကိုလည်း သူအကောင်းဆုံး ကာကွယ်နိုင် ခဲ့ပါတယ်။ ဗီလာကို ၇င်ဆိုင်ခဲ့တဲ့ပွဲမှာ သူဟာ ကျွန်တော်တို့၇ဲ့ အကောင်းဆုံး ကစားသမားလို့တောင် ပြောရပါလိမ့်မယ်။ ဗီလာနဲ့ပွဲမတိုင်ခင် ဆန်းဒါးလန်ကို ရင်ဆိုင်ခဲ့တဲ့ ပွဲမှာလည်း သူဟာ တောက်ပတဲ့ လက်စွမ်းကို ပြသနိုင်ခဲ့ပါတယ်။ သူရဲ့ လက်စွမ်း ဒီထက်မက ပြနိုင်ပါမယ်လို့ မျှော်လင့်မိပါတယ်။
ဒီရာသီမှာ မီနိုလတ်ဟာ ဝေဖန်မှု များစွာကို ခံခဲ့ရပါတယ်။ ဒီလိုဝေဖန်မှုတွေကြားက လက်စွမ်းကောင်းကို ပြန်၇ဖို့ဆိုတာ ခက်ခဲပါတယ်။ သူအပေါ် ဝေဖန်ပြစ်တင်မှု တချို့က မတရားပါဘူး။ ဘာလို့လဲဆိုတော့ အသင်းတစ်သင်း အနေနဲ့ ကျွန်တော် တို့ အားလုံးမှာ တာဝန်ကိုယ်စီ ရှိကြလို့ပါ။ ဒါပေမယ့် သူကတော့ ဝေဖန် ပြစ်တင် မှုတွေကို ကောင်းကောင်းကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ပါတယ်"ဟု အသင်းဖော် မီနိုလတ်၏ လက်စွမ်းပြမှုအပေါ် ချီးကျူးပြောဆိုခဲ့သည်။
#‎ရင်သွေးငယ် Football Cafe



0 comments:

Post a Comment