Pages

Subscribe:

Monday, January 26, 2015

အချိန်ဆွဲ ကစားခြင်းမှာ ဘောလုံးရသကို ဖျက်ဆီးနေခြင်းဟု မကွေးနည်းပြ သုံးသပ်



ပုံစာ- မကွေးအသင်းနည်းပြ ဦးဇော်ဝင်းထွန်းကို မြန်မာယူ-၂၃ အသင်းနှင့် အတူတွေရစဉ်

မကွေးအသင်း နည်းပြချုပ်ဖြစ်သူ ဦးဇော်ဝင်းထွန်းသည် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း အများစု အနေဖြင့် အချိန်ဆွဲ ကစားလေ့ရှိခြင်းမှာ ဘောလုံးရသကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် ပွဲပြီးခါနီး အချိန်တွင် အနိုင်ရရှိ နေသော အသင်းများ၊ အမှတ်လိုအပ်နေ အသင်းများက အချိန်ဆွဲမှုများ ဒဏ်ရာ ရရှိဟန်ဆောင်၍ လှဲချမှုများ ပြုလုပ်လျက်ရှိနေခြင်းကို ဦးဇော်ဝင်းထွန်း ကသုံးသပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းက“ကျွန်တော်တို့ပြိုင်ပွဲမှာ အချို့အသင်းတွေက ပြိုင်ပွဲရဲ့ ရသကို ဖျက်ဆီးနေပါတယ်။ သူတို့ဟာ နိုင်နေရင်ပဲ ဖြစ်ဖြစ်၊ သရေကျ နေရင်ပဲ ဖြစ်ဖြစ်၊ ကွင်းထဲမှာ လှဲချလိုက်တယ်။ သူတို့တိုက်စစ် ဆင်နေရင် အကောင်း၊ ဘောလုံးပျက်ပြီး သူများ ဘောလုံးရသွားပြီ ဆိုရင် လှဲချလိုက်တယ်။ အဲဒီတော့ ကျွန်တော်တို့က Fair Play လုပ်ပေးရတယ်။ ဒါပေမယ့် အသင်းတွေ အနေနဲ့ ပြိုင်ပွဲကိုတော့ မျှတအောင် ကစားကြဖို့လိုပါတယ်။ ကျွန်တော်တို့ အသင်းမှာ ဒီလိုလုပ်ဖို့ မမှာထားပါဘူး။ တကယ်နာရင် လူစားလဲပေးသွားမယ်။ အနာပဲနဲ့တော့ ကွင်းထဲမှာ လှဲမချဖို့ မှာထားပါတယ်”ဟု ပြောသည်။
မကွေးအသင်းသည် မြန်မာနေ ရှင်နယ်လိဂ် ပွဲစဉ်(၃)တွင် နေပြည်တော် အသင်းနှင့် ဂိုးမရှိသရေကျခဲ့ပြီး ပွဲပြီးချိန်နှင့် နီးကပ်လာသည့် အချိန်တွင် နေပြည်တော် ကစားသမားများ အနေဖြင့် မကြာခဏ ဒဏ်ရာရခဲ့ပြီး ပွဲရပ်နားမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရသည်။

Soccer Myanmar

0 comments:

Post a Comment