Pages

Subscribe:

Sunday, January 25, 2015

ဂါဘရီရယ်အတွက် အာဆင်နယ်နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ဗီလာရီးယဲ အတည်ပြု



ဗဟိုနောက်ခံ ကစားသမား ဂါဘရီရယ် ပေါ်လစ္စတာကို ခေါ်ယူရန်အတွက် အာဆင်နယ်နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် အပြောင်းအရွှေ့ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ဂျိုးကမ်းဘဲလ်ကို အငှားဖြင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း ဗီလာရီးယဲမှ ကြေညာခဲ့သည်။
အာဆင်နယ်သည် ဗြိတိန် အလုပ်လုပ်ခွင့်ပါမစ် ရရှိရန် ခက်ခဲဖွယ်ရှိသော်လည်း အဆိုပါ ဘရာဇီးလ် နောက်ခံကစားသမားကို ခေါ်ယူနိုင်ရန်အတွက် သဘောတူညီမှုရရှိရန် ယုံကြည်ထားကြောင်း မကြာသေးမီက ဆိုခဲ့သည်။ 
ထို့နောက် စပိန်ကလပ် ဗီလာရီးယဲက “ဂါဘရီရယ်အတွက် အာဆင်နယ်နဲ့ သဘောတူညီမှု ရခဲ့ပါပြီ။ ကစားသမား အနေနဲ့ လီဗန်တေးနဲ့ ပွဲမတိုင်ခင်မှာ အသင်းကို နှုတ်ဆက်စကားပြောပါလိမ့်မယ်။ ကံကောင်းပါစေ” ဟု Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။ ထို့အပြင် ဗီလာရီးယဲသည် ကော်စတာရီကာ လက်ရွေးစင် ကစားသမား ကမ်းဘဲလ်ကို ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူသွားမည်ဟု အတည်ပြုခဲ့သည်။
“ဂျိုးကမ်းဘဲလ်ကို ကြိုဆိုပါတယ်။ သူ့ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့ သဘောတူညီမှု ရထားပါတယ်” ဟု ဗီလာရီးယဲအသင်း မှ ပြောကြားခဲ့သည်။အသက် ၂၂ နှစ်အရွယ် ကမ်းဘဲလ်သည် ယခုနှစ် ဘောလုံးရာသီတွင် အာဆင်နယ်အသင်း၌ ပါဝင်နိုင်ရန် မျှော်လင့်ထားသော်လည်း ပရီးမီးယားလိဂ်တွင် ၄၁ မိနစ်သာ ပါဝင်ကစားထားရပြီး အသင်း၏ ပွဲထွက်ခွင့်အတွက် အလက်ဆစ် ဆန်းချက်ဇ်၊ ဒန်နီဝဲဘက်ခ်နှင့် အိုလီဗာ ဂီးရော့ဒ်တို့နှင့် ယှဉ်ပြိုင်နေရသည်။
ဂါဘရီရယ်သည် အာဆင်နယ်၏ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ဒုတိယမြောက် ခေါ်ယူသည့် ကစားသမား ဖြစ်လာမည် ဖြစ်သည်။ အာဆင်နယ်သည် သောကြာနေ့က အသက် ၁၇ နှစ်အရွယ် ပိုလန် ကစားသမား ခရစ္စတီယန်ဘီလစ်ခ်ကို ခေါ်ယူထားသည်။

Soccer Myanmar


0 comments:

Post a Comment