Pages

Subscribe:

Saturday, February 21, 2015

အွန်နရီ လူငယ်နည်းပြအဖြစ် အာဆင်နယ်သို့ ပြန်လာ



အွန်နရီ လူငယ်နည်းပြအဖြစ် အာဆင်နယ်သို့ ပြန်လာ

အာဆင်နယ်တိုက်စစ် မှူးဟောင်း အွန်နရီသည် ကလပ် အသင်း အကယ်ဒမီတွင် နည်းပြ ရာထူးရယူလိုက်ကြောင်း နည်းပြ အာဆင်ဝင်းဂါးက အတည်ပြု ပြောကြားသည်။

အွန်နရီသည် ကစားသမား ဘ၀ကုန်ဆုံးချိန်တွင် အသင်း၏ နောက်ကွယ်အခန်းကဏ္ဍတစ်ခု ရယူသွားနိုင်သည်ဟု ၀င်းဂါးက ယမန်နှစ်က ထုတ်ပြောခဲ့သည်။

အာဆင်နယ်သမိုင်းတွင် ဂိုး အများဆုံးသွင်းထားသူ အွန်နရီ (၃၇) နှစ်သည် နည်းပြလိုင်စင် ရရှိရေး မျှော်မှန်း၍ မကြာသေး မီက ကလပ်အသင်းတွင် စတင်အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရ သည်။

ကမ္ဘာ့ဖလားကိုင်မြှောက်ဖူး သော တိုက်စစ်မှူး၏ အတွေ့အ ကြုံမှာ အာဆင်နယ်လူငယ်များ အတွက် အကျိုးရှိမည်ဟု ၀င်းဂါးယုံကြည်နေသည်။

‘‘သီယာရီအွန်နရီတစ် ယောက် နည်းပြအဖြစ် စတင် ခြေ လှမ်းနေပါပြီ’’ဟု ၀င်းဂါးက သတင်းထောက်များအား အတည်ပြုပြောကြားသည်။

‘‘သူရဲ့ နည်းပြမှုရရှိတာ လူငယ်တွေအတွက် ကောင်းပါ တယ်။ သူဒီကိုတစ်ခေါက်၊ နှစ် ခေါက်ရောက်ခဲ့ဖူးတယ်။ ကျွန် တော်တို့ရဲ့ ကစားသမားဟောင်း တွေ ဒီကိုပြန်လာပြီး နည်းပြလိုင် စင်တွေရယူတာကို ကြိုဆိုပါ တယ်။ သူ့ကိုဒီမှာပြန် လက်ခံရတာဝမ်းသာပါတယ်’’ဟု ၀င်းဂါးကဆို သည်။အွန်နရီသည် အာဆင်နယ် တွင် ရှစ်နှစ်ကြာကစားခဲ့ကာ ပရီး မီးယားလိဂ် နှစ်ကြိမ်၊ အက်ဖ်အေ ဖလား သုံးကြိမ် ကူညီရယူပေးခဲ့ သည်။ ယင်းနောက်တွင်မှ ဘာစီ လိုနာသို့ ပြောင်းရွှေ့သွားခဲ့သည်။

—Ref:Goal

7 Days News

0 comments:

Post a Comment