Pages

Subscribe:

Wednesday, February 25, 2015

အမ်းမရိတ် ကွင်းမှာ ပြင်သစ် အသင်းတွေကို မရှုံးဖူးတဲ့ အာဆင်နယ် (ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲကြို)



အမ်းမရိတ် ကွင်းမှာ ပြင်သစ် အသင်းတွေကို မရှုံးဖူးတဲ့ အာဆင်နယ် (ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲကြို)

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပြိုင်ပွဲရဲ့ ဒုတိယပတ်၊ ဒုတိယနေ့ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ပွဲတွေ ပြီးရင်တော့ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေ ပြီးဆုံးပြီဖြစ်ပါတယ်။ အာဆင်နယ် – မိုနာကို၊ လေဗာကူဆင် – အသလက်တီကို တို့ရဲ့ပွဲစဉ်တွေဟာ ချန်ပီယံလိဂ် ပရိတ်သတ်တွေကို တနည်းတဖုံ ဆွဲဆောင် နေဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ်- မိုနာက ပွဲစဉ်က အရင်စကြရအောင်ပါ။

အာဆင်နယ် – မိုနာကို

သမိုင်းတစ်လျှောက်မှာတော့ အာဆင်နယ်နဲ့ မိုနာကို တွေ့ဆုံတဲ့ ပထမဆုံးပွဲကို ပရိသတ်တွေ ကြည့်ရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို ၁၅ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့ တစ်သင်းတည်းသော အင်္ဂလိပ်အသင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲကျင်းပတဲ့ ပုံစံ ပြောင်းလဲလိုက်တဲ့ ၂၀၀၃-၀၄ ခုနှစ်ကစလို့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို နှစ်တိုင်းတက်ရောက်နိုင်တာ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်နှစ်သင်းပဲ ရှိတယ်လို့ဆိုရမှာပါ။ ဒီတော့ မိုနာကို ရင်ဆိုင်ရမယ့် အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ ဖလားမရဖူးပေမယ့် အစဉ်အလာအားဖြင့်တော့ ကြီးမားတယ်လို့ ဆိုနိုင်ပါတယ်။

အာဆင်နယ်အခြေအနေ

အာဆင်နယ်မှာ ရမ်ဆေးဒဏ်ရာမပျောက်သေးသလို ချိန်ဘာလိန်လည်း ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ အာတီတာလည်း ဒီပွဲကိုလွဲဦးမှာဖြစ်ပါတယ်။ ဒီဘူချီလည်း ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အာဆင်နယ်ရဲ့ လူစုံတက်စုံ အခြေအနေကိုတော့ ပရိသတ်တွေ မြင်တွေ့နိုင်ဦးမှာမဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်မှာ ဝဲလ်ကော့၊ အိုဇီ၊ ဂျီရုဒ်၊ ဆန်းချက်ဇ်၊ ကာဇိုလာ စတဲ့ ကစားသမားတွေအားလုံး ပါဝင်နိုင်မှာဖြစ်လို့ တိုက်စစ်က ဂိုးရမှာလားဆိုတာ မေးစရာမလိုတဲ့ မေးခွန်းဖြစ်ပါတယ်။

မိုနာကို အခြေအနေ

မိုနာကိုအသင်းမှာတော့ ကာရက်စ်ကိုနဲ့ ပြင်သစ်နောက်ခံလူ ကာဇာဝါ ဒဏ်ရာကြောင့် ပါနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မိုနာကိုဟာ ဒီလူစာရင်းနဲ့ပဲ လက်ရှိပြင်သစ်လီဂူးမှာ အကောင်းဆုံ ပုံစံရနေတဲ့ အသင်းဖြစ်ပါတယ်။ အဓိကပြိုင်ပွဲတွေမှာ နောက်ဆုံး ၁၇ ပွဲကို တစ်ပွဲပဲရှုံးထားတဲ့ မိုနာကိုရဲ့ လက်ရှိခြေစွမ်းကြောင့် အာဆင်နယ် အတွက်စိုးရိမ်စရာကောင်းတာ အမှန်ပဲဖြစ်ပါတယ်။
မိုနာကိုဘက်မှာ အာဆင်နယ်အသင်း သတိထားရမယ့် ကစားသမားတစ်ဦးရှိပါတယ်။ စပါးရဲ့ ဂိုးသွင်းရှင်ဖြစ်ခဲ့ဘူးတဲ့ဘာဘာတော့ဗ်ပါပဲ။ ဘာဘာတော့ဗ်ဟာ လက်ရှိရာသီမှာ မိုနာကိုအတွက် ၁၆ ဂိုးသွင်းပေးထားပြီး ပြင်သစ်လီဂူးမှာ ထိပ်သီးဂိုးသွင်းရှင်ဖြစ်နေလို့ အာဆင်နယ်အတွက် စိုးရိမ်စရာကောင်းပါတယ်။ ဘာဘာတော့ဗ်ဟာ အာဆင်နယ်နဲ့ ပွဲပေါင်းများစွာ ကစားခဲ့ဖူးတဲ့ ဝါရင့်ကစားသမားလည်း ဖြစ်နေပြန်ပါတယ်။

စိတ်ဝင်စားစရာ အချက်အလက်

အာဆင်နယ်အတွက် အားတက်စရာဖြစ်စေမယ့် အချက်အလက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ၂၀၀၂-၀၃ ဘောလုံးရာသီက ချန်ပီယံလိဂ်မှာ ပြင်သစ်ကလပ် အော်ရှားကို အာဆင်နယ်ရှုံးပြီးနောက်ပိုင်း ဘယ်လိုပြင်သစ်အသင်းကိုမှ အာဆင်နယ်မရှုံးတော့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကွင်းသစ်အမ်းမရိတ်ကို ပြောင်းပြီးနောက်ပိုင်း အိမ်ကွင်းမှာ ပြင်သစ်အသင်းတွေနဲ့ သုံးကြိမ် ရင်ဆိုင်ခဲ့ရာမှာ သုံးကြိမ်စလုံး ဂိုးမပေးခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ နောက်ဆုံး လေးနှစ်ဆက် ၁၆ သင်းရှုံးထွက်အဆင့်က လှည့်ပြန်ထားရတဲ့ အသင်းဖြစ်နေပြန်ပါတယ်။ မိုနာကိုကလည်း ၂၀၀၄-၀၅ နောက်ပိုင်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို မရောက်နိုင်ခဲ့ပဲ အခုမှ ပထမဆုံးအကြိမ် ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။ မိုနာကိုဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ၇ ပွဲကစားဖူးပြီး အဲဒီ ၇ ပွဲလုံး အဝေးကွင်းမှာ တစ်ပွဲမှ အနိုင်မရတဲ့ အသင်းဖြစ်ပါတယ်။

သုံးသပ်ချက်

အချက်အလက်တွေအရတော့ အာဆင်နယ်က အသာစီးရနေတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ တကယ်ကစားတဲ့အခါ အာဆင်နယ်သာ ခြေမချော်ဘူးဆိုရင် လိုအပ်တဲ့နိုင်ပွဲကို လန်ဒန်မြေပေါ်မှာ ယူနိုင်မှာသေချာပါတယ်။ နောက်တစ်ခုက လက်ရှိချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့ပွဲတွေ ပြီးတော့မယ့် အချိန်မှာ အင်္ဂလန်ကလပ် အသင်းတစ်သင်းမှာ အနိုင်ရထားတာ မရှိသေးပါဘူး။ ချဲလ်ဆီးလည်း ပီအက်စ်ဂျီကို သရေပဲ ကစားနိုင်ခဲ့သလို၊ မန်စီးတီးကလည်း ဘာစီလိုနာကို ရှုံးထားပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်ဟာ အင်္ဂလန်ကလပ်အသင်းတွေရဲ့ သိက္ခာကို ဆယ်ပေးဖို့ မျှော်လင့်ရပါတယ်။
အာဆင်နယ်အနိုင်သေချာတယ်လို့ ပြောရမှာဖြစ်ပြီး  ဂိုးလည်းပြတ်သွားနိုင်ပါတယ်။

လေဗာကူဆင် – အသလက်တီကို

မနှစ်က ဗိုလ်လုပွဲအထိတက်ပြီး ရီးရဲလ်မက်ဒရစ်ကို အခက်တွေ့စေခဲ့တဲ အသလက်တီကိုကြောင့် ဒီပွဲကလည်း စိတ်ဝင်စားစရာ ကောင်းနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၀၂ နောက်ပိုင်းမှ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့  ပြန်လည် ထိတွေ့ခဲ့တဲ့ လေဗာ ကူဆင် ကြောင့် ဒီပွဲကလည်း ပုံမှန်ထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။လက်ရှိမှာ လေဗာ ကူဆင်ဟာ ဘွန်ဒက်စ် လီဂါ အမှတ်ပေး ဇယား အဆင့်-၆ နေရာမှာရပ်တည်နေရပြီး ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရတဲ့ အသင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုရောက်လာပေမယ့် လေဗာကူဆင်ရဲ့ခြေစွမ်းက သိပ်တော့အားရစရာ မရှိလှဘူးလို့ ဆိုနိုင် ပါတယ်။ လေဗာကူဆင် အသင်းရဲ့ အဓိက နောက်ခံကစားသမား တစ်ဦးဖြစ်တဲ့ တော့ပ်ရက် ပွဲပယ်ကြောင့် မပါဝင်နိုင်တာကလည်း အိမ်ရှင်ကိုပိုပြီး အားနည်းသွားစေပါတယ်။ အထူးသဖြင့် နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲရဖို့ခက်လာတဲ့ လေဗာကူဆင်အတွက် ဒီပွဲဟာ ရလဒ်ကောင်းပါ့မလားဆိုတာ စိတ်ပူဖို့ ကောင်းပါတယ်။

အသလက်တီကိုကတော့ တစ်ချက်ချေချော်ပေမယ့် လေဗာကူဆင်လောက် ဖရိုဖရဲမဖြစ်တဲ့ အသင်းပါ။ မနှစ်က ခြေစွမ်းကို အခုချိန်ထိ ထိန်းထားနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ တိုက်စစ်မှူးတောရက်စ်ကို ပြန်ခေါ်ထားနိုင်တာက ဒီလိုပွဲတွေမှာ အကျိုးသက်ရောက်မှု များနိုင်တယ်လို့ဆိုရမှာပါ။ အသလက်တီကိုမှာ ကိုကီနဲ့ သီယာဂို မပါနိုင်သေးဘူးဆိုပေမယ့် မန်ဇူကစ်နဲ့ ဂရစ်ဇ်မန်း ပွဲထွက်လာဖို့များနေပါတယ်။

သုံးသပ်ချက်

ဒီနှစ်သင်းဟာ ၂၀၁၀-၁၁ ဘောလုံးရာသီတုန်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ တွေ့ခဲ့ကြဖူးပါတယ်။ အဲဒီတုန်းက နှစ်ကျော့လုံး တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့သာ ပြီးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လေဗာကူဆင်ဟာ ချန်ပီယံရှုံးထွက်အဆင့်မှာ နောက်ဆုံးခုနှစ်ကြိမ်လုံး ရှုံးထားတဲ့ အသင်းဖြစ်နေပါတယ်။ အဲဒီ ၇ ပွဲမှာ ခြောက်ဂိုးပဲ သွင်းနိုင်ပြီး ၂၄ ဂိုးအထိပြန်ပေးထားရလို့ သမိုင်းကြောင်းက သိပ်တော့ မကောင်းလှပါဘူး။ ဒါ့အပြင် ချန်ပီယံလိဂ်မှာ ၁၉၇ မိနစ်ကြာ ဂိုးမသွင်းနိုင်တဲ့ စံချိန်ကို ရထားတာလည်း လေဗာကူဆင်ဖြစ်ပါတယ်။
လေဗာကူဆင်ဟာ ခြေစွမ်းအရသာမက၊ အစဉ်အလာအရလည်း အသလက်တီကိုထက် အားနည်းနေတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဆိုတာ အိမ်ကွင်းအားသားချက်က စကားပြောလွန်းတာကြောင့် လေဗာကူဆင် မထင်မှတ်ပဲ ရုန်းကန်ပြလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဂိုးများနိုင်ပြီး လေဗာကူဆင် မရှုံးနိုင်ပါဘူး။ လေဗာကူဆင်ကပ်နိုင်သွားတာမျိုး ဒါမှမဟုတ် တဖက်နှစ်ဂိုးစီ သရေရလဒ်မျိုး ထွက်လာနိုင်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment