Pages

Subscribe:

Tuesday, February 24, 2015

မန်စီးတီးသည် ကမ္ဘာ့ထိပ်တန်း အသင်းတစ်ခု ဖြစ်လာပြီဟု ပီကေး အသိအမှတ်ပြု



မန်စီးတီးသည် ကမ္ဘာ့ထိပ်တန်း အသင်းတစ်ခု ဖြစ်လာပြီဟု ပီကေး အသိအမှတ်ပြု

မန်ချက်စတာ စီးတီးသည် ကမ္ဘာ့ထိပ်တန်း ဘောလုံးအသင်း တစ်ခု ဖြစ်လာပြီး ချန်ပီယံလိဂ် သရဖူကို စိန်ခေါ်နိုင်သည်အထိ တောင့်တင်းလာကြောင်း ဘာစီလိုနာ နောက်ခံလူ ဂျရတ်ပီကေးက အသိအမှတ်ပြု ပြောကြားလိုက်သည်။

ဘာစီလိုနာနှင့် မန်စီးတီးတို့သည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်ကို အင်္ဂါနေ့ ညပိုင်းတွင် အစ်တီဟတ်၌ ကစားမည် ဖြစ်သည်။ စပိန်လက်ရွေးစင် ပီကေးက မန်စီးတီး၏ တောင့်တင်းမှုကို အသိအမှတ် ပြုခဲ့သော်လည်း ကွင်းလယ်လူ ယာယာတိုရေး မပါဝင်နိုင်ခြင်းက အိမ်ရှင်အသင်းကို အခက်တွေ့စေနိုင်ဖွယ် ရှိကြောင်း သုံးသပ်ခဲ့သည်။ ဘာစီလိုနာသည် ပြီးခဲ့သည့် ရာသီက ယခုအဆင့်တွင်ပင် မန်စီးတီးနှင့် ရင်ဆိုင်ခဲ့ရာ နှစ်ကျော့ပေါင်း (၄-၁)ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ပီကေးက “ပရီးမီးယားလိဂ်မှာတော့ မန်စီးတီးဟာ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် အသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်မျိုးနဲ့ ကစားပြနေတာ အမှန်ပါပဲ။ လာမယ့်နှစ်လောက်ဆို သူတို့ဟာ ချန်ပီယံလိဂ်မှာ တကယ့်ကို စိန်ခေါ် တိုက်ပွဲဝင်နေလောက်ပြီ ထင်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ မဖြစ်လောက်သေးဘူး”ဟု ဆိုသည်။ ဘာစီလိုနာ ကစားသမားဟောင်း တိုရေးသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းဟောင်းနှင့် ပွဲစဉ်တွင် ပါဝင်ခွင့် ပိတ်ပင်ခံထားရပြီး ယင်းသည် မန်စီးတီးအတွက် အခက်အခဲတစ်ရပ် ဖြစ်လိမ့်မည်ဟုလည်း ပီကေးက မှတ်ချက်ပြုခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းက “တိုရေးဟာ သူတို့အသင်းမှာ အရမ်းအရမ်းကို အရေးကြီးတဲ့ ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ သူကစားချိန်နဲ့ မကစားချိန်တွေမှာ ကြီးကြီးမားမား ကွာဟချက် ရှိကို ရှိနေတတ်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment