Pages

Subscribe:

Wednesday, February 25, 2015

ဘောလုံးလောကတွင် ပြန်လည်ခြေချမည်ဟု ရော်နယ်ဒို အတည်ပြု



ဘောလုံးလောကတွင် ပြန်လည်ခြေချမည်ဟု ရော်နယ်ဒို အတည်ပြု

ဘရာဇီးလ် လက်ရွေးစင် ကစားသမားဟောင်း ရော်နယ်ဒိုက လေးနှစ်ကြာ ကင်းကွာ နေသည့် ဘောလုံးလောကသို့ ပြန်လည်ခြေချရန် ပြင်ဆင်နေကြောင်း အတည်ပြု ပြောကြားလိုက်သည်။

၂၀၁၁ ခုနှစ်က ဘောလုံးလောကမှ အနားယူခဲ့သည့် အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုသည် North American Soccer League (NASL) အမှတ်ပေးပြိုင်ပွဲမှ အသင်းတစ်သင်းဖြစ်သည့် Fort Lauderdale Strikers ၏ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဖြစ်လာခဲ့သည်။

ထို့နောက် ဖီဖာ ကမ္ဘာ့အကောင်းဆုံးဆု ရရှိထားသည့် ရော်နယ်ဒိုက ဘောလုံးလောကသို့ ပြန်လည်ခြေချရန် ပြင်ဆင်နေကြောင်း ဖွင့်ဟခဲ့သည်။ “ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပါပဲ။ မကြာခင် ဘောလုံးလောကမှာ ပြန်လည်ခြေချဖို့ ပြင်ဆင်နေပါတယ်။ အရင်ပြောခဲ့တာထက် နည်းနည်းနောက်ကျသွားတာပဲ ရှိတာပါ” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

ရော်နယ်ဒိုသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဖလော်ရီဒါ အခြေစိုက် အသင်း၏ အဓိကရှယ်ယာရှင် ဖြစ်လာခဲ့သူ ဖြစ်သည်။
ယခင်က Miami FC အဖြစ် ဖွဲ့စည်းခဲ့သည့် အဆိုပါအသင်းကို ၂၀၁၁ ခုနှစ်တွင် Strikers ဟူသောအမည်ဖြင့် ပြောင်းလဲခဲ့သည်။
ဘာစီလိုနာ၊ အင်တာမီလန်၊ ရီးယဲမက်ဒရစ်၊ အေစီမီလန်နှင့် ကိုရစ်သီယန် တိုက်စစ်မှူးဟောင်းသည် ဘရာဇီးလ်အတွက် ၉၈ ပွဲ ကစားပြီး ၆၂ ဂိုး သွင်းယူထားသည်။

Soccer Myanmar

0 comments:

Post a Comment