Pages

Subscribe:

Wednesday, February 25, 2015

မန်စီးတီးဘက်သို့ နှစ်ဂိုးသွင်းခဲ့သည့် ဆွာရက်ဇ်ကို ဂျိုးဟတ် ချီးကျူး



မန်စီးတီးဘက်သို့ နှစ်ဂိုးသွင်းခဲ့သည့် ဆွာရက်ဇ်ကို ဂျိုးဟတ် ချီးကျူး

အင်္ဂါနေ့ညက အီတီဟတ်တွင် မန်ချက်စတာစီးတီးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ဘာစီလိုနာ အတွက် နှစ်ဂိုးသွင်းယူခဲ့သည့် လူးဝစ်ဆွာရက်ဇ်၏ ခြေစွမ်းအပေါ် အံ့အားသင့်မိခြင်း မရှိကြောင်း ဂျိုးဟတ်က ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် လီဗာပူးလ် တိုက်စစ်မှူးဟောင်းသည် ဗင်းဆင့်ကွန်ပနီနှင့် ထိထွက်လာသည့် ဘောလုံးကို ဘယ်ခြေဖြင့် ဂိုးထောင့်ထဲသို့ ကန်သွင်းကာ အဖွင့်ဂိုး သွင်းယူခဲ့သလို ဂျော်ဒီအယ်လ်ဘာ၏ ဖြတ်တင်ဘောကိုလည်း ပိတ်ကာ အသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့သည်။

ဆွာရက်ဇ်သည် ပြီးခဲ့သည့် နွေရာသီက ယူရို ၉၄ သန်းဖြင့် ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အဆိုပါ ဥရုဂွေး တိုက်စစ်မှူးသည် ၎င်းနှင့် ထိုက်တန်သည့် ခြေစွမ်းကို ပြသနိုင်ခဲ့ကြောင်း ဟတ်က ဆိုခဲ့သည်။ “ဆွာရက်ဇ်က သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ အခြား ကစားသမားတွေထက် သူ့ကို ကျွန်တော်တို့ ထိန်းချုပ်ခဲ့တာတောင်မှ သူ နှစ်ဂိုး သွင်းသွားခဲ့ပါတယ်” ဟု ဟတ်က ပြောကြားခဲ့သည်။

မန်စီးတီးသည် ပထမပိုင်းတွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း ဒုတိယပိုင်းတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီး တိုက်စစ်မှူး ဆာဂျီယို အဂူရိုက ချေပဂိုး တစ်ဂိုးပြန်လည် သွင်းယူခဲ့သည်။ ထို့နောက် မိမိနှင့် အသင်းဖော်များသည် ဆွာရက်ဇ်၏ အဖွင့်ဂိုးကြောင့် အနည်းငယ် တုန်လှုပ်ခဲ့ကြကြောင်း ဟတ်က ဝန်ခံခဲ့သည်။

“ပထမဂိုး မတိုင်ခင်အထိ ကျွန်တော်တို့ ဖိအားပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ အနည်းငယ် တုန်လှုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ အသင်းက ပြန်လည်စုဖွဲ့နိုင်ခဲ့ပြီး ချေပဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ ဒီညအတွက် ရလဒ်ကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်” ဟု ဟတ်က ပြောကြားခဲ့သည်။

ထို့အပြင် နာကျင်အချိန်ပိုတွင် လီယွန်နယ်မက်ဆီ၏ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သည့် ဟတ်က စီးတီးအနေဖြင့် နူးကမ့်တွင် ယှဉ်ပြိုင်ရမည့် ဒုတိယအကျော့တွင် ရလဒ်ကောင်းရယူပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment