Pages

Subscribe:

Thursday, February 12, 2015

တံကောက်ကြော ဒဏ်ရာကြောင့် ဂျရတ် နှစ်ပတ်အနား ယူရမည်



တံကောက်ကြော ဒဏ်ရာကြောင့် ဂျရတ် နှစ်ပတ်အနား ယူရမည်
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ ဖေဖော်ဝါရီ ၁၂။     ။ လီဗာပူးလ် အသင်းက စပါးအသင်းကို ၃-၂ ဂိုးဖြင့် အနိုင် ရခဲ့သည့် ပွဲစဉ်တွင် လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ် သည် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သောကြောင့် ရက်သတ္တပတ်နှစ် ပတ်ခန့် အနားယူ ရတော့ မည်ဖြစ်သည်။
စပါးအသင်းကို အနိုင်ရခဲ့သောကြောင့် လီဗာပူးလ်အသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် များပြန်လည်ရှင်သန်လာခဲ့ ရသော်လည်း အသင်းခေါင်းဆောင် ဂျရတ်မှာ ဒဏ်ရာရခဲ့ပြီး ဒုတိယပိုင်း တွင်နောက်ခံလူ လိုဗရန်နှင့် လူစားလဲ လှယ်ခဲ့ရသည်။

ထိုဒဏ်ရာကြောင့် ဂျရတ် သည်ဖေဖော်ဝါရီလ အကုန်လောက်အထိ အနားယူရဖွယ်ရှိ ပြီးနောက် တစ်ပတ်တွင် ကစားရ မည့်ဆောက်သမ်တန်နှင့် ပရီးမီးယား လိဂ်ပွဲစဉ်ကို လွဲချော် မည်ဖြစ်သည်။

ထို့အပြင်ဂျရတ်သည် ယခုတစ်ပတ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားရမည့် အက်ဖ်အေဖလားပွဲစဉ်ကို လွဲချော်ရမည်ဖြစ်သည့်အပြင် ဘီဆစ်တပ်စ်နှင့် ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်ကိုလည်း လွဲချော်မည်ဖြစ်သည်။ လီဗာပူးလ်အသင်းသည် မတ်လ ၁ ရက်နေ့တွင် ကစားရမည့် မန်စီးတီးနှင့် ပွဲတွင် ဂျရတ်ပြန်လည် ပါဝင်နိုင်မည် ဟုမျှော်လင့် လျက်ရှိသည်။

ကွင်းလယ် ကစားသမား လူးကပ်စ်ပေါင်ဒဏ် ရာရရှိခဲ့ ပြီးခြောက် ပတ်ခန့် အနားယူ ရရန်သေချာ ခဲ့ပြီးသည့်နောက် ၄၈ နာရီ အတွင်း ဂျရတ် ထပ်မံ ဒဏ်ရာရ ခဲ့သောကြောင့် လီဗာပူးလ်နည်းပြရော်ဂျာ အတွက်ခေါင်း ခဲစရာဖြစ် လာခဲ့သည်။ ဂျရတ်သည် စပါးအသင်းကို အနိုင်ရသည့်ပွဲတွင် ပင်နယ်တီမှ သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင် ခဲ့သည်။

ဂျရတ်ဒဏ်ရာ ရခဲ့သော်လည်း တိုက်စစ်မှူး စတူးရစ်ခ်ျကြံ့ ခိုင်မှုပြည့်ဝ လာပြီး ဘာလော့ တယ်လီ ဂိုးပေါက်တွေ့ သွားခဲ့ခြင်းတို့ မှာရော်ဂျာ အတွက် ၀မ်းသာစ ရာဖြစ်ခဲ့သည်။ လီဗာပူးလ် တိုက်စစ်မှူး စတူးရစ်ခ်ျက ၎င်းအနေဖြင့် ဘာလော့တယ်လီနှင့် တွဲဖက် ကစားနိုင် မည်ဟု ယုံကြည်ကြောင်းပြော ဆိုခဲ့သည်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment