Pages

Subscribe:

Saturday, February 21, 2015

ပင်နယ်တီ လုကန်ခဲ့သည့် ဘာလော့တယ်လီကို လေးစားမှု မရှိသူဟု ဂျရတ် အပြစ်တင်



ပင်နယ်တီ လုကန်ခဲ့သည့် ဘာလော့တယ်လီကို လေးစားမှု မရှိသူဟု ဂျရတ် အပြစ်တင်
Written by  အောင်ငြိမ်းသွေး
 (လန်ဒန်)။ ။ အန်ဖီးလ်ကွင်းတွင် ကစားခဲ့သည့် ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပထမအ ကျော့ ပွဲစဉ်တွင် လီဗာပူးလ်အသင်းသည် ဘီဆစ်တပ်စ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၄ မိနစ်တွင် ရရှိသော ပင်နယ်တီမှ ဘာလော့တယ်လီက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ထိုပွဲစဉ်တွင် လီဗာပူးလ်အသင်းအ တွက် ပင်နယ်တီကန်သွင်းမည့်တာဝန်ကို ယူထားရသူမှာ အသင်းခေါင်းဆောင် ဟန်ဒါဆင် ဖြစ်သော်လည်း ဘာလော့ တယ်လီက လုပြီး ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ တိုက်စစ်မှူး စတူးရစ်ခ်ျနှင့် ဟန်ဒါ ဆင်တို့မှာ ဘာလော့တယ်လီ၏ အပြုအမူ အတွက် ကျေနပ်ခြင်း မရှိကြသော်လည်း အီတလီတိုက်စစ်မှူးမှာ ၎င်းင်း၏ ကစား သမားဘဝတစ်လျှောက် ၂၇ ဂိုးမြောက် ပင်နယ်တီကို အောင်မြင်စွာ ကန်သွင်းနိုင်ခဲ့သည်။

ထိုပွဲအပြီးတွင် ဘာလော့တယ်လီက လူမှုဝက်ဘ်ဆိုက် စာမျက်နှာမှတစ်ဆင့် ပင်နယ်တီပေးကန်ခဲ့သည့် ဟန်ဒါဆင်ကို ကျေးဇူးတင်စကား ပြောဆိုခဲ့သည်။

ထိုပွဲစဉ်တွင် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သော လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်က ဘာလော့တယ်လီ၏ အပြုအမူသည် လေးစားမှု ကင်းမဲ့ကြောင်း ဝေဖန်ခဲ့သည်။

'ဒီပင်နယ်တီကို ဟန်ဒါဆန်ပဲ ကန်သွင်းသင့်ပါတယ်။ အဝတ်လဲခန်းအတွင်း မှာ စည်းမျဉ်းတွေ သတ်မှတ်ပေးပြီးသားပါ။ ဒါတွေကို မချိုးဖောက်သင့်ပါဘူး။ ဘာလော့တယ်လီရဲ့ ပင်နယ်တီကန်သွင်း မှုအရည်အချင်းကို ယုံကြည်ပါတယ်။ သူဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ယောက် ဒီလိုပြုမူတာ က ကြည့်လို့ မကောင်းပါဘူး။ ဒီပွဲမှာ ဟန်ဒါဆန်က အသင်းခေါင်းဆောင်ပါ။ ဘာလော့တယ်လီရဲ့ လုပ်ရပ်က ဟန်ဒါ ဆန်ကို လေးစားမှုမရှိသလိုဖြစ်နေပါ တယ်။ ပင်နယ်တီကန်ချင်တဲ့သူ အသင်း မှာ အများကြီးရှိပါတယ်။ ဒီလူအားလုံးက ကန်ချင်တယ်လို့ ပြောလာရင် ဘယ်လို လုပ်မလဲ။ အ၀တ်လဲခန်းတွေမှာ သတ်မှတ်ချက်တွေက ရှိပြီးသားပါ' ဟု ဂျရတ်က ပြောသည်။
ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

0 comments:

Post a Comment