Pages

Subscribe:

Sunday, February 22, 2015

ကံကောင်း၍သာ ပဲလေ့စ်ကို အာဆင်နယ် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဝင်းဂါး ဝန်ခံ



ကံကောင်း၍သာ ပဲလေ့စ်ကို အာဆင်နယ် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဝင်းဂါး ဝန်ခံ

အဝေးကွင်းတွင် ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းသည် ကံကောင်းလွန်း၍သာ ဖြစ်ကြောင်း အာစင်ဝင်းဂါးက ဝန်ခံပြောကြားလိုက်သည်။

အဆိုပါ ပွဲစဉ်တွင် အာဆင်နယ်အသင်းက ဆန်တီကာဇိုလာ၏ ပင်နယ်တီ သွင်းဂိုးနှင့် ဂီးရော့ဒ်၏ ပထမပိုင်း ပြီးခါနီး သွင်းဂိုးများဖြင့် ခရစ္စတယ်ပဲလေ့စ်ကို ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ဂလန်းမာရေး၏ နာကျင်အချိန်ပို ချေပဂိုး သွင်းယူမှုအပြင် ၎င်း၏ ခေါင်းတိုက်ဂိုး တိုင်ထိကာ အော့စ်ပင်နာ လက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်းကြောင့် သရေတစ်မှတ် ခွဲဝေပေးရန် အလွန်နီးစပ်ခဲ့သည်။

“ကျွန်တော်တို့က ခရစ္စတယ်ပဲလေ့စ်လို စိတ်ဓာတ်ပြင်းထန်တဲ့ အသင်းတစ်သင်းနဲ့ ကစားခဲ့ရတာပါ။ ကျွန်တော်တို့က သူတို့ရဲ့ တုံ့ပြန်မှုကို ကာကွယ်နိုင်ခဲ့ပြီး ပထမပိုင်းမှာပဲ ၂-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့က သူတို့ကို ဖိအားဆက်ပေးနိုင်ခဲ့ပါတယ်။ တတိယဂိုး ရရှိမယ့် အခွင့်အရေး လွဲချော်ခဲ့ပြီးတဲ့နောက်မှာ သူတို့က ချေပဂိုး တစ်ဂိုး သွင်းယူခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ ကံနည်းနည်း ကောင်းခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့က အရမ်းကို အရေးပါတဲ့ အနိုင်သုံးမှတ် ရရှိခဲ့ပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ပဲလေ့စ် မန်နေဂျာ အလန်ပါဂျူးက အာဆင်နယ်၏ သွင်းဂိုးများအတွက် ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘတ်ခ်က မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြောင်း ငြီးတွားခဲ့သည်။ ပဲလေ့စ်သည် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် တန်းဆင်းဇုန်နှင့် ၅ မှတ်အကွာသို့ ရောက်ရှိခဲ့သည်။

“ပထမဂိုးက ဆိုအာရီရဲ့ အမှားပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်က ဂိုးဧရိယာအပြင်ဘက်မှာ ဖြစ်ပွားခဲ့တာပါ။ ဒုတိယဂိုးကလည်း လူကျွံနေပါတယ်။ ပထမဂိုးရဲ့ ဆုံးဖြတ်ချက်ထက် ဒုတိယဂိုးရဲ့ ဆုံးဖြတ်ချက်က ပိုဆိုးပါတယ်။ ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ နည်းစနစ်အတိုင်း ဆက်ကစားနိုင်ခဲ့ပါတယ်။ မာရေးရဲ့ ဒုတိယအကြိမ် ကြိုးပမ်းမှုက တိုင်ထိပြီး ဂိုးသမားလက်ထဲ ရောက်သွားခဲ့တာပါ။ ကျွန်တော်က ဘောလုံး ဂိုးထဲဝင်သွားပြီလို့တောင် ထင်ခဲ့တာပါ” ဟု အလန်ပါဂျူးက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment