Pages

Subscribe:

Friday, February 20, 2015

လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ် ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရမည်



လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ် ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရမည်

တံကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်ခန့် အနားယူရမည်ဖြစ်ကြောင်း လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ပြောကြားလိုက်သည်။

ကွင်းလယ် ကစားသမား ဂျရတ်သည် ယခုနှစ် ဘောလုံးရာသီအကုန်တွင် အယ်လ်အေ ဂလက်ဇီအသင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်လျက် ရှိသည်။ ထို့နောက် ဘက်ခ်ဆစ်တက်စ်နှင့် ကစားခဲ့သည့် ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက် ပထမအကျော့မတိုင်မီတွင် ဂျရတ်က ရက်သတ္တပတ် အနည်းငယ်အကြာမှသာ လီဗာပူးလ်တွင် ပြန်လည် ကစားနိုင်မည်ဟု ဆိုခဲ့သည်။

“ကျွန်တော့်အနေနဲ့ အသင်းမှာ ပြန်လည်ပါဝင် ကစားဖို့ ရက်သတ္တပတ် အနည်းငယ် စောင့်ရပါဦးမယ်။ လာမယ့် ရက်သတ္တပတ်ဆိုရင် ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဂျရတ်က ITV ထံ ပြောကြားခဲ့သည်။ဂျရတ်သည် မတ်လ ၈ ရက်တွင် ဘလက်ဘန်းနှင့် ယှဉ်ပြိုင်ရမည့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားနိုင်ဖွယ်ရှိသည်။

Soccer Myanmar

0 comments:

Post a Comment