Pages

Subscribe:

Thursday, February 19, 2015

ရှော်လ်ကေးကိုနိုင်ပြီး ချန်ပီယံလိဂ် ဆယ်ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ရီးရဲလ်မက်ဒရစ်



ရှော်လ်ကေးကိုနိုင်ပြီး ချန်ပီယံလိဂ် ဆယ်ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ရီးရဲလ်မက်ဒရစ်

ချန်ပီယံလိဂ် ၁၆ အသင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယမြောက်နေ့ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ်အသင်းက အဝေးကွင်းမှာ နိုင်ပွဲရှာဖွေတွေ့ရှိခဲ့ပြီး နောက်တဆင့်တက်ဖို့ အခြေအနေကောင်း သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုဟာ ဒီနေ့ပွဲစဉ်မှာ ဂိုးပေါက်ပြန်လည် တွေ့ရှိသွားခဲ့တာ လည်းဖြစ်ပါတယ်။
ရော်နယ်ဒို ဂိုးပေါက်ပြန်လည်တွေ့ရှိမှုနဲ့အတူ ရီးရဲလ်မက်ဒရစ်ဟာ ပွဲအပြီးမှာ ဆယ်ပွဲဆက်နိုင်ပွဲကို တွေ့ရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်နှစ်က ဘိုင်ယန်မြူးနစ် တင်ခဲ့တဲ့စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရီးရဲလ်မက်ဒစ်ရော ရှော်လ်ကေးအသင်းဆီကပါ ပိုမိုကောင်းမွန်တဲ့ တိုက်စစ်ကစားပုံကို မြင်တွေ့ခဲ့ရပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် တစ်ဂိုးပဲထပ်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ရော်နယ်ဒို၊ ဘင်ဇီးမား၊ ဂါရက်ဘေးလ် စတဲ့ကစားသမားတွေကို တိုက်စစ်မှာ ထားကစားခဲ့ပြီး ကွင်းလယ်မှာ အစ္စကို၊ နောက်တန်းမှာ မာဆယ်လိုတို့ ပါဝင်လာခဲ့ပါတယ်။ ရှော်လ်ကေးကလည်း တိုက်စစ်မှူး ဟန်တဲလ်လားနဲ့အတူ ၅-၃-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့တာပါ။ ပထမပိုင်းမှာ အိမ်ရှင်ရှော်လ်ကေးဘက်က အနည်းဆုံးတစ်ဂိုးလောက်ရသင့်ခဲ့ပေမယ့် အဆုံးသတ်မသေချာတာနဲ့ ဂိုးကံခေ ခဲ့တာကြောင့် မရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ဒုက္ခအပေးနိုင်ဆုံး ကစားသမားက ဟန်တဲလ်လားဖြစ်ပြီး သူ့ရဲ့ထိုးဖောက်ချက်တွေဟာ နောက်ခံလူတွေကို ထိန်းရခက်ခဲစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ၃၃ မိနစ်မှာပဲ ဗာရန်းရဲ့ ကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့ပုံကြောင့် ဟန်တဲလ်လား လူစားလဲခဲ့ရပါတယ်။ ဒါ့အပြင် ဘန်ဇီးမားရဲ့ အပိုင်ကန်သွင်းချက်နဲ့ ရော်နယ်ဒိုရဲ့ တိကျသေချာတဲ့ ပြစ်ဒဏ်ဘောတွေကိုလည်း ရှော်လ်ကေးဂိုးသမား ဝယ်လန်ရူသာ အကောင်းဆုံး ကာကွယ်ပြနိုင်ခဲ့လို့သာ ရှော်လ်ကေးသက်သာခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းရောက်လာပြီး ပွဲချိန် ၇၉ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယဂိုးထပ်မံ ရရှိသွားခဲ့ပါတယ်။ တိုက်စစ်မှူးတွေနဲ့ အပေးအယူလုပ်ပြီး ရလာတာဘောလုံးကို ဆယ်ပြားစေ့ထောင့်ထဲ အပြင်းကန်သွင်းယူခဲ့လို့ လက်စွမ်းပြနေတဲ့ ဂိုးသမားဝယ်လန်ရူသာလည်း ဘာမှမတက်နိုင်ခဲ့ပါဘူး။ ရှော်လ်ကေးဟာ ဒုတိယပိုင်းမှာလည်း အခွင့်အရေး နှစ်ကြိမ်ထက်မနည်း ရရှိခဲ့ပေမယ့် အဆုံးသတ်လိုအပ်နေခဲ့တာကြောင့် ချေပဂိုးတောင် ပြန်လည်မရခဲ့ပါဘူး။ ဘားတန်းထိပြီး ထွက်သွားခဲ့တဲ့ဂိုးတစ်ဂိုးဟာလည်း ရှော်လ်ကေးအတွက် နစ်နာစေခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ဒီပွဲအနိုင်ရပြီးတဲ့နောက် ကွာတာဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ စပိန်မြေမှာ ကစားတဲ့အခါ ရှော်လ်ကေးက တစ်ဂိုးထက် ပိုမသွင်းနိုင်ရင် ရီးရဲလ်မက်ဒရစ် နောက်တဆင့်တက်တော့မှာပါ။

Soccer Myanmar

0 comments:

Post a Comment